International News

တရုတ်ပြည်သူ့သမ္မတနိုင်ငံဈေးကွက်နှင့်စပ်လျဉ်း၍ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များမှ ကောင်းမွန်သည့်အမြင် ဖြင့်ရှုမြင်လျက်ရှိ

Last Updated:

မကြာမီကာလက အမေရိကန်စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ဝင်များအနေဖြင့် တရုတ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုအလားအလာနှင့်စပ်လျဉ်း၍ ကောင်းမွန်သည့်အမြင်များရှိကြောင်း၊  နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်၍ တိုးတက်ကောင်းမွန်မှုများရှိကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT)၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

အမေရိကန်နိုင်ငံကုန်သည်ကြီးများအသင်းနှင့် အမေရိကန်-တရုတ်စီးပွားရေးကောင်စီ၏ ဖိတ် ကြားချက်အရ CCPIT အကြီးအကဲ Ren Hongbin ဦးဆောင်သော တရုတ်စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၁ ရက်အထိ အမေရိကန်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း၊ ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်ကုန် သွယ်ရေးဌာနနှင့် မေရီလန်း ပြည်နယ်အစိုးရမှ အစိုးရအရာရှိများ၊ Pfizer၊ Starbucks နှင့် Walmart အပါအဝင် US အခြေစိုက်ကုမ္ပဏီ ၃၀ နီးပါးမှ စီးပွားရေးအမှုဆောင်အရာရှိများနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း၊ ယခုကဲ့သို့ အမြင်ချင်းဖလှယ်ဆွေးနွေးမှုတွင်ပါဝင်သည့် အမေရိကန်လုပ်ငန်းအရေအတွက်နှင့်အဆင့်သည် မကြုံစဖူးဖြစ်ကြောင်း၊ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်း၏အဖွဲ့ဝင်များက  နှစ်နိုင်ငံစီးပွားရေး အသိုင်းအဝိုင်းများ မကြာခဏတွေ့ဆုံဆက်သွယ်ရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် မျှော်လင့်သည်ဟု ပြောကြားခဲ့ကြောင်းကိုလည်း သိရှိရပါသည်။

နိုင်ငံတကာအခြေအနေများ ပြောင်းလဲလျက်ရှိသော်လည်း တရုတ်-အမေရိကန်နှစ်နိုင်ငံဆိုင်ရာ စီးပွားရေးအသိုက်အဝန်းမှာ အရေးပါသည့် နှစ်နိုင်ငံဆက်ဆံရေးကို အမြဲထိန်းသိမ်းဆောင်ရွက်သူများဖြစ်ကြောင်း၊ CCPIT အနေဖြင့် အမေရိကန်ကုန်သည်ကြီးများအသင်း၊ အမေရိကန်-တရုတ်စီးပွားရေး ကောင်စီနှင့် အခြားသော US မိတ်ဖက်အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများပိုမိုနက်ရှိုင်းလာစေရန်နှင့် တရုတ်-အမေရိကန် ဖွံ့ဖြိုးတိုးတက်ရေးတွင် တည်ငြိမ်သော အင်အားစုဖြစ်လာစေရေး ဆောင်ရွက်ရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟုလည်း ဖော်ပြထားပါသည်။

ယနေ့အထိ CCPIT တွင် အမေရိကန်စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများမှ တင်ပြထား သည့်ကိစ္စရပ် စုစုပေါင်း ၉၅၂ ခုကိုမှတ်တမ်းတင်ထားကြောင်း၊ အဆိုပါအချက်များအနက်မှ ၇၃၀ ခု ကိုဖြေရှင်းဆောင်ရွက်ခြင်း (သို့မဟုတ်) ထိရောက်သောတုံ့ပြန်မှုများဆောင်ရွက်ခြင်းတို့ ပြုလုပ်ခဲ့ပြီး အမေရိကန်ကုမ္ပဏီများသို့ ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် ကူးသန်းရောင်းဝယ်ရေးနှင့်သက်ဆိုင်သည့် ဥပဒေရေးရာဝန်ဆောင်မှုကဲ့သို့သော နယ်ပယ်များတွင် တစ်နေရာတည်း၊ လုပ်ငန်းစဉ်တစ်ခုလုံးနှင့် သီးသန့်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ နိုင်ငံခြားစီးပွား ရေးလုပ်ငန်းများမှ စိုးရိမ်ပူပန်မှုဖြစ်ခဲ့သည့် ကိစ္စရပ်များကို ဆက်လက်ဖြေရှင်းရန်၊ တရုတ်နိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်ကို ကောင်းမွန်အောင်ဆောင်ရွက်ရန်နှင့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအတွက် ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

CCPIT နှင့် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကုန်သွယ်မှု မြှင့်တင်ရေးယန္တရားဖြစ်သော US-China Commercial Match-Making Program ကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်၏ စားသုံးသူဈေးကွက်သည် ကြီးမားသည့်အလားအလာရှိပြီး တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများအတွက် ဆွဲဆောင်မှုတစ်ခုအဖြစ် ဆက်လက်ရပ်တည်လျက်ရှိကြောင်း၊ လာမည့်လအတွင်း အမေရိကန်နိုင်ငံတွင်ကျင်းပမည့် ကုန်စည်ပြပွဲတွင်အထည်ချုပ်လုပ်ငန်းမှစ၍ မော်တော်ယာဥ်လုပ်ငန်းပိုင်းဆိုင်ရာအရေးပါသည့် အစိတ်အပိုင်းများ ထုတ်လုပ်သည့်လုပ်ငန်းများအထိတရုတ်နိုင်ငံအမှတ်တံဆိပ်ထောင်ပေါင်းများစွာပါဝင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအတွက်သာမက နိုင်ငံစုံနယ်ပယ်များတွင်ပါ တရုတ်-အမေရိကန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ ကြီးမားသည့်အလားအလာများရှိကြောင်း၊ ယခုနှစ် APEC စီးပွားရေးအကြံပေးကောင်စီ၏ တတိယအကြိမ်အစည်းအဝေးတွင် CCPIT နှင့် US စီးပွားရေးကိုယ်စားလှယ်များသည် အာရှ-ပစိဖိတ် ထောက်ပံ့ ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှု အခြေခံမူဆိုင်ရာ အဆိုပြုချက်များနှင့်စပ်လျဉ်း၍ တရုတ်-အမေရိကန်ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ခဲ့ကြကြောင်း၊ အဆိုပြုချက်တွင် အာရှ-ပစိဖိတ် စီးပွားရေး အသိုက်အဝန်း၏ သီးခြားတောင်းဆိုချက်များတွင် ပွင့်လင်းသောပူးပေါင်းဆောင်ရွက်မှုနှင့် ခွဲခြားဆက်ဆံမှုမရှိသော ထောက်ပံ့ရေးကွင်းဆက်နှင့်စပ်လျဉ်း၍ လိုက်နာရမည့်နည်းလမ်းဆိုင်ရာတောင်းဆိုမှုများ၊ WTO စည်းမျဉ်းများကိုလိုက်နာရန် ထောက်ပံ့ရေးကွင်းဆက်မူဝါဒဆိုင်ရာ တောင်းဆိုမှုများနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများကို ပျက်ယွင်းစေမည့်အရာများကို ရှောင်ရှားရန် တောင်းဆိုချက်များ ပါဝင်သည်ဟု သိရှိရပါသည်။

 

Source: http://en.people.cn/n3/2024/0831/c90000-20212672.html

ဒေါ်သင်းသင်းအောင်

စီးပွားရေးသံမှူး

ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ       

Category: International News