International News

အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တရုတ် အလူမီနီယမ်သတ္တုပြားများ စုပြုံတင်သွင်းမှုအပေါ် တန်ပြန်ကောက်ခံမည့်အခွန်ကို အဆိုပြု

Last Updated:

တရုတ်နိုင်ငံမှ အလူမီနီယံသတ္တုပြားများ(Aluminium foil)တင်ပို့မှုများပြားလာပြီး အိန္ဒိယ၏ စျေးကွက်ဝေစု၏သုံးပုံတစ်ပုံနီးပါးကို ရောက်ရှိခဲ့သည့်အတွက်  ယင်းစုပြုံတင်သွင်းမှုအပေါ် တန် ပြန်အခွန်စည်းကြပ်ခြင်း (Anti-dumping duty) ပြုလုပ်ရန် အိန္ဒိယကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အကြံပြုထားကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာနက သောကြာနေ့နှောင်းပိုင်းတွင် အစိုးရသို့ ခွင့်ပြုချက်ရရှိရန် တင်သွင်းခဲ့သည့် အကြံပြုချက်သည် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းကို ခြိမ်းခြောက်မှုအား ဖြေရှင်းရန်ကြိုးပမ်း မှုဖြစ်ကြောင်း ကုန်သွယ်ရေးကုစားမှု ညွှန်ကြားရေးမှူးချုပ်က အစီရင်ခံစာတွင်ဖော်ပြထားသည်။

အလူမီနီယမ်သတ္တုပြားများကို စားသောက်ကုန်ပစ္စည်းများ တာရှည်ခံရန်ထိန်းသိမ်းခြင်း နှင့် ထုပ်ပိုးပစ္စည်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပြီး ယင်းအစီရင်ခံစာအရ အထူ ၈၀ မိုက်ခရွန်အထိရှိသော အလူမီနီယံသတ္တုပါး (ကာပါစီတာ မဟုတ်သော ၅.၅ မိုက်ခရွန် အောက်ရှိ အလူမီနီယမ်သတ္တုပြားမပါ) တစ်တန်လျှင် ၆၁၉ ဒေါ်လာ မှ ၈၇၃ ဒေါ်လာအကြား အခွန်ကောက် ခံရန် အကြံပြုထားကြောင်း သိရှိရသည်။

အိန္ဒိယသည် ပြည်တွင်းစိုက်ပျိုးရေးထုတ်ကုန်များ၊ ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများကို စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်၍ တင်သွင်း၊ တင်ပို့မှုများအား ကန့်သတ်ခြင်း၊ လိုအပ်ပါက အခွန်များ တိုးမြှင့်ကောက်ခံခြင်း၊ လျှော့ချခြင်းတို့ကို ဆောင်ရွက်လေ့ရှိသည်ကို တွေ့ရှိရသဖြင့် မိမိနိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများအတွက်လည်း ဈေးကွက်လေ့လာစောင့်ကြည့်ခြင်း၊ ဖြစ်နိုင်ပါက နှစ်နိုင်ငံသဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းတို့ဖြင့် ဈေးကွက်ခိုင်မာမှုရရှိရန် ကြိုး ပမ်း ဆောင်ရွက်ခြင်းတို့အား ပြုလုပ်ထားသင့်ပါကြောင်း တင်ပြအပ်ပါသည်။

 

 

Source: India Trade Ministry proposes anti-dumping duty on Chinese Aluminum foil imports, The Economic Times,

စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: International News