Local News

မန္တလေးဈေးကွက်အတွင်း ပဲပုပ်(ရှမ်း)များ အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

Last Updated:

မန္တလေးဈေးကွက်အတွင်း ပဲပုပ်(ရှမ်း)များ အ‌ရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ယခုလက်ရှိ ရှမ်းပြည်နယ်ဘက်မှထွက်ရှိသည့် ပဲပုပ်(ရှမ်း)များ မန္တလေးဈေးကွက်အတွင်း အ‌ရောင်းအဝယ်ပြန်လည်ကောင်းမွန်လာကြောင်း၊ အဆိုပါ အရည်အသွေးကောင်းမွန်သည့် ပဲပုပ်(ရှမ်း)များကို ကုန်သည်များက ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရသည်။

“ရှမ်းပြည်နယ်ဘက်က ထွက်တဲ့ပဲပုပ်(ရှမ်း)ကို အခုလတ်တလော မန္တလေးဈေးကွက်အတွင်း အဝယ်လိုက်နေပြီး အရောင်းအဝယ်ကောင်းနေပါတယ်။ ပြည်ပကနေပြီးတော့ ပြည်တွင်းက ထွက်ရှိတဲ့ပဲပုပ်ကို မှာယူမှုအနည်းငယ်လောက်ပဲရှိတယ်” ဟု ဦးစက်မောင်ဆွေက‌ ပြောပြသည်။

မန္တလေးဈေးကွက်အတွင်း ပဲပုပ်(ရှမ်း)ဈေးနှုန်းမှာ စက်တင်ဘာလ ၁ ရက်နေ့ ပေါက်ဈေးအရ ၅၃ ပိဿာဝင် တစ်အိတ်လျှင်ငွေကျပ် ၃၈၀၀၀၀ ထိ ပေါက်ဈေးရှိလာကြောင်း သိရသည်။ အလားတူ ရေဦးဘက်မှထွက်ရှိသည့် ပဲပုပ်(ဗမာ)အမျိုးအစားများလည်း မန္တလေးဈေးကွက်အတွင်း ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုလတ်ကလောတွင် ပဲပုပ်(ဗမာ)မှာ ၅၃ ပိဿာဝင် တစ်အိတ်လျှင် ငွေကျပ် ၃၆၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ အဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News