International News

ဗီယက်နမ်အစိုးရအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း မြေငှားရမ်းခကို ၃၀ %လျှော့ချရန်သသောတူ

Last Updated:

      စီးပွားရေးလုပ်ငန်းများ၊ အိမ်ထောင်စုများနှင့် တစ်ဦးချင်းပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံတော်မှ တိုက်ရိုက်ငှားရမ်းထားသော မြေယာများအတွက် ယခုနှစ်တွင် ပေးဆောင်ရမည့် မြေငှားရမ်းခကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးမည်ဖြစ်ကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သော ဆုံးဖြတ်ချက်အရ သိရသည်။ အဆိုပါဆုံးဖြတ်ချက်သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင် အသက် ဝင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

          အိမ်ခြံမြေ၊ စိုက်ပျိုးရေးနှင့် သတ္တုတွင်းကဏ္ဍများဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများသည် ဘဏ်များမှ ချေးငွေရယူရန် အခက်အခဲရှိကြောင်း၊ ထို့ကြောင့် မြေယာငှားရမ်းခများ လျှော့ချခြင်းသည် အဆိုပါစီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုး အချို့ကို သက်သာစေရန် ရည်ရွယ်ပြီး ၎င်းတို့ကြုံတွေ့နေရသော စီးပွားရေးစိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းနိုင်ရန် ကူညီပေးခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုအရ သိရှိရပါသည်။

          ယခင်နှစ်က မြေငှားခများ အလားတူ လျှော့ချခဲ့သဖြင့် အစိုးရအနေဖြင့် ၀င်ငွေ VND ၃.၅ ထရီလီယံ (အမေရိကန်ဒေါ်လာ သန်း ၁၅၀ နှင့်ညီမျှသည်) ကို ဆုံးရှုံးခဲ့ရသော်လည်း COVID-19 ကူးစက်ရောဂါကြောင့် ထိခိုက်ခံစားရသော စီးပွားရေးလုပ်ငန်းများနှင့် လူတစ်ဦးချင်းစီအတွက် အရေးကြီးသော အထောက်အပံ့ကို လည်းကောင်း၊ ကပ်ရောဂါဖြစ်ပွားပြီးနောက် အစောပိုင်း ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ရာတွင်လည်းကောင်း ကူညီပေးခဲ့ပါသည်။ ယခုကဲ့သို့ မြေငှားခများ ထပ်မံလျှော့ချရန် ဆုံးဖြတ်ချက်သည် လက်ရှိဖြစ်ပွားနေသော ကူးစက်ရောဂါကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော စီးပွားရေးလုပ်ငန်းများနှင့် လူတစ်ဦးချင်းစီအား အလားတူအကူအညီနှင့် ပံ့ပိုးမှုများပေးရန် ရည်ရွယ်ကြောင်း သုံးသပ်ရပါသည်။

 

Source : Vietnam  Economic News

(ဝင့်နန္ဒာကျော်ကျော်၊စီးပွားရေးသံမှူး၊ ဗီယက်နမ်)  

 

 

Category: International News