International News

ဗီယက်နမ်နိုင်ငံ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများထပ်မံကျဆင်းလာ

Last Updated:

               ဗီယက်နမ်နိုင်ငံ ပြည်တွင်းစက်သုံးဆီလက်လီဈေးနှုန်းသည် တစ်လီတာလျှင် ဗီယက်နမ် ဒေါင် ၁၀၀၀ ကျော် ကျဆင်းသွားကြောင်း ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်အရ သိရှိရပါသည်။

           RON 95-III ဓာတ်ဆီစျေးနှုန်းသည် တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၁၈၀၀ ကျဆင်း သွားခဲ့ပြီး  တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၃၀၄၀ ဖြင့် ရောင်းချလျက်ရှိကြောင်း ၊ E5 RON 92 ဓာတ်ဆီ တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၁၉၀၀ ကျသင့်ပြီး ဗီယက်နမ်ဒေါင် ၁၆၀၀ ကျဆင်းသွားကြောင်း၊ ဒီဇယ်ဆီ တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၁၁၈၀ ကျဆင်းသွားပြီး ဗီယက်နမ် ဒေါင်  ၂၂၄၁၀  ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ရေနံဆီ တစ်လီတာလျှင် ၁၃၅၀ ကျဆင်းခဲ့ပြီး ယခု အခါ တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၂,၄၆၀ ရောင်းချလျက်ရှိကြောင်း သိရပါသည်။ အကြီးစား လောင်စာဆီသည် တစ်ကီလိုလျှင် VND ၁၆၂၃၀ ရှိပြီး ၁၂၂၀ VND ကျဆင်းသွားကြောင်း သိရပါ သည်။

          စက်သုံးဆီဈေးနှုန်းများ ပြုပြင်ပြောင်းလဲမှုဆောင်ရွက်နေသည့်ကာလအတွင်း လောင်စာ ဆီဈေးနှုန်း တည်ငြိမ်ရေး ရန်ပုံငွေ ( Fuel price stabilization fund )ကို ဖြည့်တင်းရန်အတွက် လောင်စာဆီအားလုံးတွင် ထပ်လောင်းအပိုကောက်ခံခြင်းမပြုရန် ဝန်ကြီးဌာနနှစ်ခုက ဆုံးဖြတ်ခဲ့ပြီး ထိုကာလအတွင်း ပြည်တွင်းစက်သုံးဆီကုန်သည်များအား အဆိုပါရန်ပုံငွေကို သုံးစွဲခွင့် မပြုကြောင်း သိရပါသည်။

          ဗီယက်နမ်နိုင်ငံ စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရန်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာန (MOF) နှင့် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MOIT)တို့က တစ်လလျှင် ၂ ကြိမ် ပြန်လည်သုံးသပ် ပြင်ဆင်ကြောင်း သိရှိရပါသည်။

 

Source : The Sigon Times

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News