International News

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၁-၂၀၂၅ အတွက် စီစဉ်ထားသည့် အဓိကစီမံကိန်းများနှင့်ပတ်သက်၍ သိသာထင်ရှားသော တိုးတက်မှုများ ရရှိ

Last Updated:

တရုတ်နိုင်ငံသည် ၎င်း၏ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) တွင် ဖော်ပြထားသော အဓိက ပရောဂျက် ၁၀၂ ခုကို အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိပြီး သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ၊ စွမ်းအင်စနစ်များနှင့် အစိမ်းရောင်ဖွံ့ဖြိုးမှု စသည့် ကဏ္ဍ များ၌ ထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ထိပ်တန်း စီးပွားရေး စီမံချက်ရေးဆွဲသူ တစ်ဦးက ပြောကြားခဲ့သည်။

အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (National Development and Reform Commission-NDRC) ၏ အဆိုအရ မကြာသေးမီ နှစ်များအတွင်း ရရှိခဲ့သော စီမံကိန်းများ၏ အောင်မြင်မှုများအတွက် အောက်ပါအချက်များ ရွေးချယ်ထားကြောင်း တွေ့ရှိရသည်။

၁။      တရုတ်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ ကွန်ယက်သည် အားကောင်းလာ ခဲ့ပြီး ယခုအခါ နိုင်ငံ၏ အမြန်လမ်းဝန်ဆောင်မှုဧရိယာများ၏ ၉၅ ရာခိုင်နှုန်းခန့်တွင် အားသွင်း တာဝါများကို တပ်ဆင်ထားနိုင်ခဲ့သည်။ ပြည်နယ်အဆင့်ဒေသကြီး ၃၁ ခုအတွက် ကော်မရှင် အနေဖြင့် ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်သည့် အဓိက ဆောက်လုပ်ရေး ပရောဂျက်များစာရင်းတွင် အမျိုးသား ထောက်ပံ့ပို့ဆောင်ရေး အချက်အချာကျသည့် နေရာ စုစုပေါင်း ၁၅၁ ခု ထည့်သွင်း ထားခဲ့သည်။

၂။       ခေတ်မီစွမ်းအင်စနစ်တစ်ခု တည်ဆောက်နိုင်ရန်အတွက် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုများကြားတွင် ကမ္ဘာ့အကြီးဆုံး သန့်ရှင်းသော စွမ်းအင်စင်္ကြံကို ယန်ဇီမြစ်ကြောင်းတစ်လျှောက် တည်ဆောက် နိုင်ခဲ့သည်။ တရုတ်နိုင်ငံ၏ စုစုပေါင်း တပ်ဆင်ပြီး ဓာတ်အားထုတ်လုပ်နိုင်မှု ပမာဏသည် ကီလိုဝပ် ၃ ဘီလီယံကျော်ရှိခဲ့ပြီး တပ်ဆင်ပြီး လေအားနှင့် ဆိုလာဓာတ်အား ထုတ်လုပ်နိုင်မှုသည် ကျောက် မီးသွေးစွမ်းအင်ထုတ်လုပ်နိုင်မှုထက် သာလွန်နေသည်။

၃။      တရုတ်နိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်မှစ၍ မြို့ပြနှင့် ကျေးလက်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်နေဆဲဖြစ်သည်။ ထိုအချိန်တွင် မြို့ပြ လူနေရပ်ကွက်ဟောင်း များ ၁၉၅,၀၀၀ ခု ခန့်ကို ပြန်လည် မွမ်းမံပြင်ဆင်နိုင်ခဲ့ပြီး မြို့ပြဧရိယာများ၌ ကီလိုမီတာ ၂၁၀,၀၀၀ ခန့်ရှိသည့် ဓာတ်ငွေ့ ပိုက်လိုင်းဟောင်းများကိုလည်း ပြန်လည်ပြုပြင်မွမ်းမံနိုင်ခဲ့သည်။

၂၀၂၃ ခုနှစ်အကုန်တွင် ဖွံ့ဖြိုးလာသည့် ကျေးလက်လမ်းများ၏ စုစုပေါင်းအရှည်မှာ ကီလိုမီတာ ၄ ဒသမ ၆ သန်း အထိ ရှိလာခဲ့ပြီး ကျေးလက်ဒေသများတွင် ရေပိုက်လိုင်း လွှမ်းခြုံနိုင်မှုသည် ၉၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။ ကျေးလက်ဒေသရှိ အိမ်ထောင်စုများ၏ ၇၅ ရာခိုင်နှုန်း ခန့်သည် သန့်ရှင်းသော ရေအိမ်သာများကို သုံးစွဲလာနိုင်ခဲ့ကြသည်။

၄။      တရုတ်နိုင်ငံအနေဖြင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် စနစ်တကျ ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး ယခုအခါ ကာကွယ်ထားသော သဘာဝမြေဧရိယာများသည် တရုတ်နိုင်ငံ၏ စုစုပေါင်း မြေဧရိယာ၏ ၁၈ ရာခိုင်နှုန်းခန့် ရှိသည်။ အဓိက ကဏ္ဍများတွင် လေထုညစ်ညမ်းမှုကို လျှော့ချရန် တရုတ်နိုင်ငံ၏ ပိုမိုကျယ်ပြန့်သော ကြိုးပမ်းဆောင်ရွက်မှုများကြောင့် နိုင်ငံလုံးဆိုင်ရာ သံမဏိ ထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းခန့်တွင် ကာဗွန်ထုတ်လွှတ်မှု အလွန်နည်းပါးသော အဆင့်မြှင့်တင်မှု ကို မြင်တွေ့ခဲ့ရသည်။

 

အရင်းမြစ်။ http://en.people.cn/n3/2024/1003/c90000-20225970.html

စီးပွားရေးသံမှူး၊တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News