International News

တရုတ် လျှပ်စစ်ကား(EV)များပေါ် သတ်မှတ်သည့် အီးယူ(EU)၏ အခွန်မူဝါဒသည် လွဲမှားနေကြောင်း Bloomberg မှ ထုတ်ပြန်

Last Updated:

တရုတ်လျှပ်စစ်ကားများ (EVs) များအပေါ် အခွန် ၄၅ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်ရန် အီးယူ (EU)၏ ဆုံးဖြတ်ချက်သည် နှစ်ဦးနှစ်ဖက် အကျိုးရှိသော စေ့စပ်ညှိနှိုင်းရေးနည်းလမ်းကို ပေးစွမ်းနိုင်မည် မဟုတ်ပါကြောင်း၊ မှားယွင်းသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းနှင့် နှစ်ဖက်စလုံးအတွက် ပိုမိုဆိုးဝါးသွား စေမည် ဖြစ်ပါကြောင်း Bloomberg ၏ သဘောထားအမြင်ကို ပြောကြားခဲ့သည်။

အီးယူ၏ EV မူဝါဒသည် ၎င်းတို့၏ ကိုယ်ပိုင်ကာဗွန်ထုတ်လွှတ်မှုပစ်မှတ်များကို လျော့ပါးစေရန်နှင့် ပြည်တွင်းကုမ္ပဏီများအပေါ် ပြိုင်ဆိုင်မှုဆိုင်ရာ ဖိအားများကို လျှော့ချနိုင်စေရန် ရည်ရွယ်သော်လည်း ဆန်းသစ်တီထွင်မှုနှင့် ကုန်ထုတ်စွမ်းအားကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း တွေ့ရှိရသည်။

အခွန်စည်းကြပ်မှုများကြောင့် ကုန်သွယ်မှု အတားအဆီးများနှင့် နိုင်ငံတော်၏ အကူအညီများ ပိုမို ရရှိရန် တောင်းဆိုချက်သည် “ပျက်စီးနေပြီဖြစ်သော စက်မှုမူဝါဒ” ဆီသို့ တွန်းပို့နေခြင်း ဖြစ်ကြောင်းနှင့် ထိုသို့သောကန့်သတ်ချက်များကို အလွန်အကျွံအသုံးပြုနေခြင်းသည် EU ၏ လွတ်လပ်သောကုန်သွယ်မှု ကတိကဝတ်ကို ပျက်ပြားစေနိုင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်လေအားတာဘိုင်ရောင်းချသူများ နှင့် ပုဂ္ဂလိကအရေးများအပါအဝင် အခြားစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း Bloomberg ၏ ဆောင်းပါးတွင် ဖော်ပြထားသည်။

အဆိုပါ အခွန်စည်းကြပ်မှုသည် တရုတ်ကားထုတ်လုပ်သူများ၏ ဥရောပတွင် စွမ်းဆောင်ရည် တည်ဆောက်မည်ကို တွန်းအားပေးနိုင်မည်ဟု ထောက်ခံသူများက ပြောဆိုနေကြသော်လည်း ဥရောပ တွင် တရုတ်ကား ဖြန့်ဖြူးရေးနှင့် ဝန်ဆောင်မှုကွန်ရက်များ တည်ဆောက်ရန် တရုတ်နိုင်ငံအတွက် အချိန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ၂၀၂၀ ခုနှစ်မှစ၍ တရုတ်နိုင်ငံထုတ် လျှပ်စစ် ကား EV များ တင်သွင်းမှု မြင့်တက်လာသော်လည်း တရုတ်ကုန်အမှတ်တံဆိပ်များသည် လျှပ်စစ်ကား EV ရောင်းချမှုစုစုပေါင်း၏ ၈ ရာခိုင်နှုန်းခန့်သာ ရှိသည်။ တစ်ချိန်တည်းမှာပင် ဥရောပကားထုတ်လုပ်သူများ အနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးလာသော ကားဈေးကွက်သို့ ဝင်ရောက်နိုင်ရန်မှာ လိုအပ်နေသေးကြောင်း တွေ့ရှိရသည်။

မြင့်မားသော ကုန်ကျစရိတ်များ၊ နှေးကွေးသော ဆန်းသစ်တီထွင်မှု၊ စည်းမျဥ်းစည်းကမ်းစိန်ခေါ်မှု များနှင့် သီးခြားဖြစ်လာသော အရင်းအနှီးဈေးကွက်များသည် ဥရောပမော်တော်ကားထုတ်လုပ်သူများ အပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိကြောင်း ဆောင်းပါတွင် ဖော်ပြထားသည်။

အရင်းမြစ်။ http://en.people.cn/n3/2024/1003/c90000-20225970.html

စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News