International News

တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် RMB ငွေကြေးအသုံးပြုမှုသည် ၂၀၂၄ ခုနှစ် ပထမရှစ်လတွင် ၂၀ ရာခိုင်နှုန်းကျော်အထိ ရှိလာ

Last Updated:

ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွင် တရုတ်ငွေကြေးများ အသုံးပြုမှု များပြားလာနေသည့်အပြင် ယခု နှစ် ၂၀၂၄ ခုနှစ် ပထမ ရှစ်လအတွင်း နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွင် တရုတ်ယွမ်ငွေ (RMB) ကို ပိုမို အသုံးပြုလာခဲ့ကြောင်း တရုတ် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း နယ်စပ်ဖြတ်ကျော် ယွမ်ငွေပေးချေမှုများနှင့် ပြေစာ အသုံးပြုမှုများ ၂၁ ဒသမ ၁ ရာခိုင်နှုန်း တိုးလာခဲ့သည်။ တန်ဖိုးအားဖြင့် ယွမ်ငွေ ၄၁ ဒသမ ၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၄ ထရီလီယံ) ရှိခဲ့ကြောင်း တရုတ် ပြည်သူ့ဘဏ် (People's Bank of China) ၏ ၂၀၂၄ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

အဆိုပါ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် ပထမရှစ်လအတွင်း နယ်စပ်ဖြတ်ကျော် ယွမ်ငွေပေးချေမှု နှင့် ကုန်စည်ကုန်သွယ်မှု ပြေစာများသည် ၂၀၂၃ ခုနှစ်၊ အလာတူကာလ၏ ၂၄ ဒသမ ၈ ရာခိုင်နှုန်း ထက် ပြည်တွင်းနှင့်ပြည်ပငွေကြေးများ စီးဆင်းမှုစုစုပေါင်း၏ ၂၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

ဝန်ဆောင်မှု ကုန်သွယ်မှု၌ နယ်စပ်ဖြတ်ကျော် ယွမ်ငွေသုံးစွဲမှုသည် တစ်နှစ်ထက်တစ်နှစ် ၂၂ ဒသမ ၃ ရာခိုင်နှုန်း တိုးလာပြီး တန်ဖိုးအားဖြင့် ယွမ်ငွေ ၁ ဒသမ ၂ ထရီလီယံ ရှိသဖြင့် စုစုပေါင်းကုန်သွယ်မှု၏ ၃၁ ဒသမ ၈ ရာခိုင်နှုန်းဖြစ်သည်။

ယင်းအစီရင်ခံစာသည် ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာငွေဆိုင်ရာ ကဏ္ဍများတွင် RMB ဆောင်ရွက်ချက် များ၏ တိုးတက်မှုများကို မှတ်တမ်းတင်ထားသည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လကုန်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများသည် တရုတ်ငွေချေးစာချုပ် ယွမ် ၄ ဒသမ ၆ ထရီလီယံခန့်ကို ထိန်းသိမ်းထားပြီး ယင်းသည် စုစုပေါင်း ပြည်တွင်းငွေချေးစာချုပ်များ၏ ၂ ဒသမ ၇ ရာခိုင်နှုန်း ရှိသည်။

ကုန်သွယ်ရေးတွင် အဓိကကုန်စည်များအတွက် နယ်စပ်ဖြတ်ကျော်ယွမ်ငွေအသုံးပြုနိုင်မှု ပမာဏ သည် အစီအရင်ခံသည့် ရှစ်လတာ ကာလအတွင်း ယွမ် ၁ ဒသမ ၅ ထရီလီယံ ရှိခဲ့သဖြင့် တစ်နှစ်ထက် တစ်နှစ် ၂၂ ဒသမ ၇ ရာခိုင်နှုန်း တိုးလာကြောင်း တွေ့ရှိရသည်။

နောက်တစ်ဆင့်အနေဖြင့် တရုတ်ဗဟိုဘဏ်သည် နယ်စပ်ဖြတ်ကျော် ယွမ်ငွေ RMB သုံးစွဲမှုအတွက် အခြေခံအဖွဲ့အစည်းဆိုင်ရာ အစီအစဉ်များကို မြှင့်တင်သွားရန်၊ ဘဏ္ဍာရေးစျေးကွက်ကို ပိုမိုဖွင့်လှစ်ရန်၊ ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ အားကောင်းလာစေရန်နှင့် နယ်စပ်ဖြတ်ကျော် RMB လုပ်ငန်းများအပေါ် စည်းမျဉ်းစည်းကမ်းများ မြှင့်တင်သွားရန် ဆောင်ရွက်မည်ဖြစ်ကြောင်း အစီအရင်ခံစာ တွင် ဖော်ပြထားသည်။

အရင်းမြစ်။ http://en.people.cn/n3/2024/1005/c90000-20226207.html

 စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News