International News

ဂျပန်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနှင့်အီတလီနိုင်ငံတို့နှင့်ပူးပေါင်းကာ ရေနံဓာတ်ငွေ့ရည် ရရှိမှုချဲ့ထွင်နိုင်ရေး ဆောင်ရွက်သွားမည်

Last Updated:

တရုတ်နိုင်ငံပြီးပါက ကမ္ဘာ့ဒုတိယအများဆုံး ရေနံဓာတ်ငွေ့ရည်တင်သွင်းသည့် ဂျပန်နိုင်ငံ အနေဖြင့် နိုင်ငံ့စွမ်းအင်ဖူလုံမှုမြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရေနံဓာတ်ငွေ့ရည်ရရှိမှု မြှင့်တင်နိုင်ရေးအတွက် တောင်ကိုရီးယားနှင့် အီတလီနိုင်ငံတို့နှင့်ပူးပေါင်း၍ လေ့လာမှုများ ဆောင်ရွက်သွားရန် ၆-၁၀-၂၀၂၄ ရက်နေ့တွင် သဘောတူညီမှုရရှိခဲ့ကြောင်း ဖော်ပြခဲ့ပါ သည်။

အဆိုပါ သတင်းတွင် ဂျပန်နိုင်ငံ၏ အကြီးဆုံးစွမ်းအင်ကုမ္ပဏီ JERA နှင့် တောင်ကိုရီးယားနိုင်ငံတွင် ရေနံဓာတ်ငွေ့ရည် အဓိကဝယ်ယူသည့် Korea Gas တို့အနေဖြင့် ရေနံဓာတ်ငွေ့ရည် ဝယ်ယူရရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ Cargo လဲလှယ်ရန်နှင့် အခြားသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ကြရန် သဘောတူညီခဲ့ကြကြောင်း ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် အီတလီနိုင်ငံ၏ စွမ်းအင်ကုမ္ပဏီ Eni အနေဖြင့် ရေနံဓာတ်ငွေ့ရည် ထုတ်လုပ်ရန် အတွက် ရင်းနှီးမြှုပ်နှံသူရှာဖွေလျက်ရှိခြင်းကြောင့် ဂျပန်အစိုးရပိုင် Organization for Metals and Energy Security (JOGMEC) အနေဖြင့် Eni နှင့် LNG ဝယ်ယူရရှိရေးဆိုင်ရာ ကနဦး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံမှ LNG ဝယ်ယူသူများအနေဖြင့် ဂျပန်နိုင်ငံတွင်း၌ ဝယ်လိုအား ကျဆင်းချိန်တွင် Cargo များကို အခြားသော ဝယ်လက်များသို့ လက်လွှဲရောင်းချနိုင်သော ကာလတို သဘောတူ စာချုပ်များ ချုပ်ဆိုလိုကြကြောင်းနှင့် ဂျပန်နိုင်ငံအနေဖြင့် ဒေသတွင်း၌ LNG ရောင်းဝယ်မှု မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် ဓာတ်ငွေ့အများဆုံးဖြန့်ဖြူးရောင်းချလျက်ရှိသည့် Tokyo Gas အနေဖြင့် ၎င်း၏ အရေးပေါ်တုံ့ပြန်မှုမြှင့်တင်နိုင်ရေးအတွက် မိတ်ဖက်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ နွေရာသီတွင် LNG ရရှိမှု သေချာစေရေးနှင့် ဂျပန်နိုင်ငံတွင် အရေးပေါ် LNG လိုအပ်လာပါက ပံ့ပိုးပေးနိုင်ရန် စီစဉ်ထားသည့် Strategic LNG Buffer (SBL) အတွက် JERA အနေဖြင့် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအထိ တစ်လလျှင် ၇၀,၀၀၀ မက်ထရစ်တန် နီးပါးရှိသည့် Cargo ၁ လုံး ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source:  The Nikkei Asia

Category: International News