International News

တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံ၏ ရေထွက်ကုန်များ တင်သွင်းမှုကို ပိတ်ပင်ထားမှုအား ပြန်လည်ရုတ်သိမ်းတော့မည် ဖြစ်သည့်အတွက် ဂျပန်နိုင်ငံတွင် ရေထွက်ကုန်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာတော့မည်

Last Updated:

တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံ၏ ရေထွက်ကုန်များကို တင်သွင်းခွင့် ပိတ်ပင်ခဲ့ပြီးနောက် ဂျပန် ရေ ထွက်ကုန် လုပ်ငန်းများအနေဖြင့် အခြားသော ဈေးကွက်များသို့ ပြောင်းလဲတင်ပို့ရန် ဆောင် ရွက်လျက် ရှိနေချိန်တွင် တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံ၏ ရေထွက်ကုန်များကို ပြန်လည်တင်သွင်း ခွင့်ပြုသွားတော့မည် ဖြစ်သည့်အတွက် သံပခြုတ်ကဲ့သို့သော ကုန်စည်များ၏ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် ၂၀၂၂ ခုနှစ်၌ ဂျပန်နိုင်ငံမှ ရေထွက်ကုန်များကို အများဆုံး ဝယ်ယူခဲ့ သည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီး ရေများကို ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့ပြီးနောက် တရုတ်နိုင်ငံ အနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များ အားလုံးကို တင်သွင်းခွင့် ပိတ်ပင်ခဲ့ကြောင်း၊ ထိုသို့ ပိတ်ပင်ခဲ့ပြီးနောက် ဂုံးဈေးနှုန်းမှာ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ Miyagi ပြည်နယ်တွင်  Abalone ခရုဈေးနှုန်းမှာ ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ Miyazaki ပြည်နယ်တွင် ဂျပန် Yellowtail ငါးများ၏ ဈေးနှုန်းမှာ ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် ဂုံးနှင့် Sea Cucumbers များ ဝယ်ယူထိန်းသိမ်းနိုင်ရေး အပါအဝင် ရေလုပ်ငန်းကဏ္ဍအတွက် ယန်း ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၉၈ သန်း) ပံ့ပိုးပေးခဲ့ ကြောင်း၊ ပြည်ပနိုင်ငံများသို့ ဈေးကွက်ဖြန့်ကျက်နိုင်ရေး ဆောင်ရွက်မှုမှာလည်း ကောင်းမွန်လာ လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လ လဝက်အထိ ဂုံးတင်ပို့မှုမှ ယန်း ၂၄.၁ ဘီလီယံယန်းရရှိခဲ့ကြောင်းနှင့် စုစုပေါင်းတင်ပို့မှုပမာဏမှာ ၃၇ ရာခိုင်နှုန်း ကျဆင်းခဲ့သော် လည်း အမေရိကန်နိုင်ငံသို့ တင်ပို့မှုမှာ ၆၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ကနေဒါနိုင်ငံသို့ တင်ပို့မှုမှာ ၇ ဆကျော် မြင့်တက်ခဲ့ကြောင်း၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသများမှ ဝယ်လိုအားလည်း များပြားလာလျက် ရှိကြောင်း  ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလလယ်တွင် တိုကျိုရှိ Toyosu Market တွင် အေးခဲဂုံးများ၏ လက်ကားဈေးမှာ ၁ ကီလိုဂရမ်လျှင် ၃၆၀၀ ယန်းမှ ၃၇၀၀ ယန်း အကြားရှိကြောင်းနှင့် အဆိုပါ ဈေးနှုန်းမှာ တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံ၏ ရေထွက်ကုန်များကို တင်သွင်းခွင့် မပိတ်ပင်မီက ရှိခဲ့ သည့် ဈေးနှုန်းထက်ပင် အနည်းငယ်များပြားလျက် ရှိကြောင်း ဖော်ပြထားပါသည်။

ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီး ရေများကို ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့မှုနှင့်စပ်လျဉ်း၍ ဂျပန်နှင့်တရုတ်အကြား မကြာသေးမီက သဘောတူညီမှု ရရှိခဲ့ပြီးနောက် အဆိုပါ သဘောတူညီမှု၏ တစ်စိတ်တစ်ဒေသအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များကို တရုတ်နိုင်ငံအနေဖြင့် တစ်ဖြည်းဖြည်း ပြန်လည်တင်သွင်းခွင့် ပြုတော့မည်ဟု မျှော်လင့်ထား ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ရေထွက်ကုန်များ တင်ပို့မှုမှ ယန်း ၁.၂ ထရီလီယံ အထိ ဝင်ငွေရရှိရန် မျှော်မှန်းဆောင်ရွက်လျက် ရှိကြောင်း၊ သို့သော် ငါးနှင့်ရေထွက်ပစ္စည်းများ အတွက် အစာဈေးနှုန်းများ မြင့်တက်လျက် ရှိသည့်အတွက် ထုတ်လုပ်နိုင်မှုမှာ တန့်လျက်ရှိ ကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ရေထွက်ကုန်စုစုပေါင်း ထုတ်လုပ်နိုင်မှုမှာ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ၃.၇၂ သန်းတန် ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

 ( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Nikkei Asia 

Category: International News