International News

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၂.၉ သန်းကျော် လာရောက်ခဲ့

Last Updated:

၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ဧည့်သည်လာရောက်မှု မှာ ၂.၉၃ သန်းကျော် ရှိခဲ့ပြီး၊ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်း မြင့်တက် ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ဧည့်သည်လာရောက် ခဲ့မှုမှာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လနှင့် နှိုင်းယှဉ်ပါက ၁၆.၄ ရာခိုင်နှုန်း များပြားခဲ့ကြောင်း ဂျပန် အမျိုးသားခရီးသွားလာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရကြောင်းနှင့် ဩဂုတ်လသည် အာရှ နိုင်ငံများတွင် အားလပ်ရပ်ဖြစ်သည့် အားလျော်စွာ ခရီးသွားလာမှုများပြားခဲ့ကြောင်း ဖော်ပြထား ပါသည်။

ဂျပန်နိုင်ငံသို့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် လာရောက်ခဲ့သည့် ခရီးသွားဧည့်သည်များ အနက် တရုတ်နိုင်ငံမှ ၇၄၅,၈၀၀ ဦးလာရောက်ခဲ့ပြီး၊ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂ ဆနီးပါး များပြားခဲ့ကြောင်းနှင့် ၂ လဆက်တိုက် တရုတ်နိုင်ငံမှ အများဆုံးလာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံသို့ ဒုတိယအများဆုံး လာရောက်ခဲ့သည့်နိုင်ငံမှာ တောင်ကိုရီးယားဖြစ်ပြီး ခရီးသွားဧည့်သည် ၆၁၂,၁၀၀ ဦး လာရောက်ခဲ့ကြောင်းနှင့် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇.၆ ရာခိုင်နှုန်း များပြားခဲ့ကြောင်း၊ ဟောင်ကောင်မှ တတိယအများဆုံး လာရောက် ခဲ့ပြီး ၂၄၆,၆၀၀ ဦး ရှိခဲ့ကြောင်းနှင့် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၉.၆ ရာခိုင်နှုန်း များပြားခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ စုစုပေါင်း လာရောက်ခဲ့သည့် ခရီးသွား ဧည့်သည်အရေအတွက်မှာ ၂၄ သန်းကျော် ရှိခဲ့ပြီး၊ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၅၈ ရာခိုင်နှုန်း များပြားခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဂျပန်နိုင်ငံသားများအနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လည်ပတ်မှုမှာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၉.၇ ရာခိုင်နှုန်း များပြားခဲ့ပြီး ၁.၄၄ သန်း ရှိခဲ့ကြောင်းနှင့် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃၁.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

                                                                                                          

( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Kyodo News 

 

Category: International News