ဟောင်ကောင်အခြေစိုက် ကုမ္ပဏီ ၁၀ ခုအနက် ၇ ခု (၇၂ ရာခိုင်နှုန်း) မှာ ၎င်းတို့၏ လုပ်ငန်းများကို ပြည်ပဈေးကွက်များသို့ တိုးချဲ့လိုကြသည်ဟု UOB ၏ စီးပွားရေးရာလေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားကြောင်း Hong Kong Business သတင်းဌာနမှ “7 in 10 HK-based firms eye overseas expansion” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။
ဟောင်ကောင်အခြေစိုက်ကုမ္ပဏီများ၏ ၄၇ ရာခိုင်နှုန်းမှာ ပြင်ပဈေးကွက်သို့ တိုးချဲ့လုပ်ကိုင်သွားရန် အနည်းငယ်စိတ်ဝင်စားသော် လည်း ၂၆ ရာခိုင်နှုန်းမှာ အလွန်စိတ်ဝင်စားလျက်ရှိကြောင်း၊ လက်ကားရောင်းချသည့် ကုန်သွယ်မှုလုပ်ငန်းများမှာ လုပ်ငန်းချဲ့ထွင်ရန် စိတ်အဝင်စားဆုံးဖြစ်ပြီး၊ နည်းပညာလုပ်ငန်း၊ မီဒီယာနှင့်ဆက်သွယ်ရေးလုပ်ငန်း၊ ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် အင်ဂျင်နီယာလုပ်ငန်းများမှလည်း စိတ်ပါဝင်စားမှုမြင့်မားကြောင်း ရေးသားဖော်ပြထားပါသည်။
ထိုသို့ပြည်ပဈေးကွက်သို့ တိုးချဲ့ရန် စိတ်ပါဝင်စားသည့် အကြောင်းရင်းသုံးချက်မှာ - အကျိုးအမြတ်တိုးမြင့်ရရှိရန်၊ နိုင်ငံတကာတွင်လုပ်ငန်း၏ ဂုဏ်သတင်း တည်ဆောက်နိုင်ရန်နှင့် ၎င်းတို့၏ အခွန်အခတိုးမြင့်နိုင်ရန်ဖြစ်ကြောင်းနှင့် လုပ်ငန်းချဲ့ထွင်လိုသည့် လုပ်ငန်းအများစုမှာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုလမ်းကြောင်းများကို အသုံးပြုသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
နည်းပညာလုပ်ငန်း၊ မီဒီယာနှင့်ဆက်သွယ်ရေးလုပ်ငန်းများအနေဖြင့် နယ်စပ်ဖြတ်ကျော် ဒစ်ဂျယ်တယ်ကုန်သွယ်ရေးလမ်းကြောင်းများကို အသုံးပြုသွားရန် စိတ်ပါဝင်စားနေကြောင်း ရေးသားဖော်ပြထားပါသည်။
အရှေ့တောင်အာရှဈေးကွက်တွင် ဟောင်ကောင်လုပ်ငန်းများ ချဲ့ထွင်လုပ်ကိုင်ရန် စိတ်ဝင်စားမှု အရှိဆုံးနေရာများမှာ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။
စီးပွားရေးသံမှူး၊ ဟောင်ကောင်