International News

တရုတ်ကုန်ထုတ်လုပ်သူများသည် RCEP နိုင်ငံများနှင့် ပိုမိုနီးကပ်သော စီးပွားရေးချိတ်ဆက်မှုများကို ကြိုဆိုလျက်ရှိ

Last Updated:

တရုတ်နိုင်ငံ၏စီးပွားရေးပြန်လည်ဦးမော့လာမှုနှင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) အား အကောင်အထည်ဖော်မှုသည် ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခဲ့ကြောင်းသိရှိရသည်။

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP)အတွက် အဓိကကျသည့်တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၌ တည်ရှိသည့် Guangxi LiuGong Machinery Co., Ltd သည် ယခုနှစ်တွင် နိုင်ငံရပ်ခြားဈေးကွက်များတွင် အောင်မြင်မှုများရရှိခဲ့ကြောင်း၊ အဆိုပါကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာခြင်းနှင့် RCEP ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာခြင်းတို့၏ အကျိုးရလဒ် ကို ခံစားခဲ့ရကြောင်းသိရှိရသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများ ပြည်ပတင်ပို့မှုပမာဏသည် ယခင်နှစ်ထက် ၅၀ရာခိုင်နှုန်း ကျော်တိုးတက်လာပြီး ဖေဖော်ဝါရီလမှစတင်ကာ ပြည်ပသို့ မြေတူးဖော်သည့်စက်ကြီးများ တင်ပို့မှုသည် ယခင်နှစ်ထက်၅၀၀ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း သိရှိရသည်။

ယခုအခါ တရုတ်ထုတ်ကုန်များသည် အရှေ့တောင်အာရှတွင် နာမည်ကောင်းနှင့် ကျေနပ်လောက်သောဈေးကွက်ဝေစုကို ရရှိနေပြီဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပထဝီဝင်တည်နေရာကို အခွင့်ကောင်းယူပြီး အာဆီယံနိုင်ငံများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာဈေးကွက်ချဲ့ထွင်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ကို အကောင်အထည်ဖော်ခြင်းသည် တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အတွက် အဖိုးတန်အခွင့်အလမ်းများကို ရရှိစေနိုင်ပြီး သွင်းကုန်ကုန်ကျစရိတ်လျှော့ချခြင်းနှင့် ပို့ကုန်အခွင့်အလမ်းများ တိုးမြင့်လာခြင်းဖြင့် နိုင်ငံ တကာစျေးကွက်များ ပိုမိုချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

LiuGong Overseas Business Center ၏ အထွေထွေမန်နေဂျာ Li Dongchun က RCEP တွင် ပါဝင်သည့် ဒေသတွင်းနိုင်ငံများသည် တရုတ် စက်မှုထုတ်ကုန်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများ တင်ပို့မှုအတွက် အရေးကြီးသောဈေးကွက်ဖြစ်ပြီး ကုမ္ပဏီ၏ အဓိကပြည်ပဈေးကွက်များထဲမှ တစ်ခုဖြစ်ကြောင်း ရှင်းဟွာသတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

စီးပွားရေးသံမှူး(နန်နင်း)

Source: www.chinadaily.com.cn/a/202303/24/WS641d372ba31057c47ebb6601.html

Category: International News