International News

ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ အွန်လိုင်းရောင်း၊ဝယ်မှုဥပဒေဆိုင်ရာ နည်းဥပဒေနှင့် စည်းမျဉ်းများကို ၁၉-၃-၂၀၂၄ ရက်နေ့တွင် အတည်ပြုထုတ်ပြန်သွားမည်ဖြစ်

Last Updated:

ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ အွန်လိုင်းရောင်း၊ဝယ်မှုဥပဒေ ဆိုင်ရာ နည်းဥပဒေနှင့်စည်းမျဉ်းများကို ၁၉-၃-၂၀၂၄ ရက်နေ့တွင် အချိန်မီ အပြီးသတ် ရေးဆွဲပြဋ္ဌာန်း သွားရန် မျှော်မှန်းထားကြောင်း သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ဖြေကြားခဲ့ပါသည်။

 စားသုံးသူနှင့်ကုန်သည်များကြား အင်တာနက်၊ အွန်လိုင်းများမှ အရောင်း/အဝယ် ပြုလုပ်ရာတွင် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်စေရန်၊ စားသုံးသူကာကွယ်စေရေး တို့အတွက် ရည်ရွယ်ပြီး Internet Transactions Act (ITA) အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက သမ္မတမားကို့စ်မှ သဘောတူ လက်မှတ် ရေးထိုးပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါဥပဒေပြဋ္ဌာန်းချက်အရ ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန မှ တဆင့် e-commerce bureau မှ အစိုးရနှင့် စားသုံးသူများမှ အွန်လိုင်းမှ အရောင်း/ အဝယ်ခြင်း ဆိုင်ရာအချက်အလက်များကို အလွယ်တကူချိတ်ဆက်ရယူနိုင်ရန် ဒေတာဘေ့စ် တည်ဆောက်ထားပါ သည်။

e-commerce bureau သည် ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရဌာနများကြား အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး စားသုံးသူများ၏ အွန်လိုင်းမှတဆင့် တိုင်ကြားမှုများအပေါ် ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှလည်းစောင့်ကြည့်ဖြေရှင်းပေးသွားမည်ဖြစ်ပါသည်။ ဥပဒေပြဋ္ဌာန်း ချက်တွင် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနအနေဖြင့် အွန်လိုင်းမှတဆင့် အရောင်း၊အဝယ် ပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့်တိုင်ကြားမှုများ၊ မညီမျှမှုဖြစ်စဉ်များအား တာဝန်ယူဖြေရှင်းသွား ရန်နှင့် အရေးယူမှုများကိုလည်း ဆောင်ရွက်နိုင်သည့် လုပ်ပိုင်ခွင့်အာဏာများပေးအပ်ထားပါကြောင်း၊ ထို့ပြင် လုပ်ငန်းများအား အမည်မဲစာရင်း ရေးသွင်းခြင်းကိုလည်း ပြုလုပ်နိုင်ကြောင်း ရေးသားဖော်ပြ ထားပါသည်။

အွန်လိုင်းမှ အရောင်း၊အဝယ် ပြုလုပ်မည့် ကုန်သည်များ၊ လက်လီရောင်းချသူများ၊ ဈေးများနှင့် ဒီဂျီတယ်ပလက်ဖောင်းများတွင် ပါဝင်လုပ်ကိုင်မည့်သူများ၏ ရရန်ပိုင်ခွင့်များကိုလည်း ထည့်သွင်းရေး ဆွဲထားပြီးဖြစ်ကြောင်း၊ ထို့ပြင် ပြစ်မှု/ပြစ်ဒဏ်၊ဒဏ်ကြေးများလည်းပါဝင်ပြီး ဥပဒေနှင့်အညီ အွန်လိုင်း  ဈေးအားတည်ဆောင်ထားခြင်းဖြစ်သဖြင့်ယုံကြည်မှုရှိပါကြောင်းဒုတိယဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

အင်တာနက်၊ အွန်လိုင်းမှတစ်ဆင့် အရောင်း၊အဝယ်ပြုလုပ်ခြင်းများအတွက် လုံခြုံ၊ စိတ်ချရမှုရှိစေရန်၊ ရောင်းချသည့်ပစ္စည်း၏ အရည်အသွေး၊ ဈေးနှုန်းတို့အပေါ်တွင် အပြည့်အဝ ကာကွယ်ပေးနိုင် ရန် e-commerce Philippines trustmark အား အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့် ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါအဖွဲ့မှ အွန်လိုင်မှရောင်းချမည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် ယုံကြည်စိတ်ချရမှုအာမခံချက်များအား ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်သည့် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း လေ့လာသိရှိ ရပါသည်။      

 

 

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Source; https://www.philstar.com/business/2024/03/02/2337356/dti-eyes-completion-ita-irr-march-19

 

 

Category: International News