International News

ယခုနှစ်အတွင်း ဆန်တန်ချိန် ၁ ဒသမ ၆ သန်း ထပ်မံတင်သွင်းရန် သတ်မှတ်လိုက်သည့် အင်ဒိုနီးရှားနိုင်ငံ

Last Updated:

အင်ဒိုနီးရှားနိုင်ငံသည် ဇန်နဝါရီလမှမတ်လအထိ ရိတ်သိမ်းချိန်အတွင်း ပြည်တွင်းဆန်ထွက်ရှိမှု လျော့နည်းမည်ဟု ခန့်မှန်းချက်များကြောင့် ယခုနှစ်အတွက် တင်သွင်းခွင့်ပြုခဲ့သည့် ဆန်တန်ချိန် ၂ သန်းကျော်အပြင် ဆန်တန်ချိန် ၁.၆ သန်း ထပ်မံတင်သွင်းရန် ခွင့်ပြုခဲ့ကြောင်း တာဝန်ရှိသူများက (ဖေဖော်ဝါရီလ ၂၆ ရက် တနင်္လာနေ့)တွင် ပြောကြားခဲ့သည်။

ထပ်မံတင်သွင်းခွင့်ပြုသည့်ပမာဏအတွက် သွင်းကုန်ပါမစ်များကိုထုတ်ပေးရန် ကုန်သွယ်ရေးဝန်ကြီးဌာန ကလုပ်ဆောင်နေကြောင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူ Arif Sulistiyo က အပတ်စဉ်အစိုးရအစည်းအဝေး တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် စပါးတန်ချိန် ၃.၁ သန်း တင်သွင်းခဲ့ပြီး စံချိန်တင်ခဲ့ကြောင်း၊ အရှေ့တောင်အာရှ၏ ထိပ်တန်းစီးပွားရေးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားသည် ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၃၀.၉ သန်း ထုတ်လုပ်ခဲ့ရာမှ ယခုနှစ်တွင် ဆန်တန်ချိန် ၃၂ သန်း ထုတ်လုပ်ရန် မျှော်မှန်းထားသော်လည်း အစောပိုင်းလများအတွင်း ထုတ်လုပ်မှုသည် ယမန်နှစ်မိုးခေါင်မှု၏ သက်ရောက်မှုကြောင့် အခက်အခဲရှိနိုင်ကြောင်း၊ ဇန်နဝါရီလမှ မတ်လအထိ ဆန်အထွက်နှုန်းမှာ ယခင်နှစ်ကာလတူလနှင့် နှိုင်းယှဉ်ပါက ခန့်မှန်းတန်ချိန် ၂.၈၂ သန်း ပိုမိုလျော့နည်းမည်ဟု  ခန့်မှန်းကြောင်း Arif က ပြောကြားခဲ့ပါသည်။

Source: www.businesstimes.com

Source: https://commerce.gov.mm

Category: International News