International News

ဖိလစ်ပိုင်နိုင်ငံ၏ဆန်စပါးသိုလှောင်ထားရှိမှုအခြေအနေ

Last Updated:

ပြည်တွင်းပုဂ္ဂလိကကုန်သည်များအနေဖြင့် နိုင်ငံအတွင်းဖြစ်ပေါ်လာနိုင်သည့် ဆန်စပါး လိုအပ် ချက်များအား တွက်ဆပြီး ဆန်တင်သွင်းမှုတိုးမြှင့် သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရတာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ပြည်တွင်းဆန်လိုအပ်ချက်အတွက် လိုလောက် မှုရှိသော်ငြားလည်း တိုင်ဖွန်းမုန်တိုင်းဝင်ရောက်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ခြင်း၊ မျှော်မှန်းထား သည်ထက် စပါးအထွက်နှုန်း လျော့နည်းနိုင်ခြင်း၊ မသေချာမရေရာမှုများ ရှိနေသည့် နိုင်ငံတကာ ဆန် ဈေးကွက် စသည့် အခြေအနေများကြောင့် ဖြစ်ကြာင်း ပြောကြားခဲ့ပါသည်။

ဆန်အရန် ရိက္ခာမှာ ၃၉ ရက်အထိ လုံလောက်မှုရှိပြီး မူလသတ်မှတ်ထားသည့် ၆၀ ရက်ထက် လျော့နည်းသွားကြောင်း ပြောကြားပြီး ရက်အနည်းငယ် ကြာပြီးနောက် ခြောက်သွေ့ရာသီ စပါး ရိတ်သိမ်းချိန်တွင် မကြိတ်ခွဲရသေးသည့် စပါး (Unhusked Rice) မှာ မက်ထရစ်တန်ချိန် ၅.၇ သန်းရှိ ပြီး တင်သွင်းခဲ့ပြီးသည့် ဆန်တန်ချိန်မှာ မက်ထရစ်တန် ၁.၉ သန်း ရှိသည့်အတွက် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်အရန် ရိက္ခာလုံလောက်မှုရှိပါကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ်က ဗီယက်နမ်နိုင်ငံမှ တင်သွင်းမှု မက်ထရစ်တန် ၃.၁၆ သန်းအပါအဝင် ဖိလစ်ပိုင် နိုင်ငံ၏ စုစုပေါင်း ဆန်တင်သွင်းမှုမှာ မက်ထရစ်တန် ၃.၇၉ သန်းရှိပါကြောင်း၊ ကျန်တင်သွင်းမှုများမှာ မြန်မာ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့မှဖြစ်ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ဆန်တင်သွင်းမှု ၉၀ % ကျော်ခန့်မှာ ဗီယက်နမ်နိုင်ငံမှ တင်သွင်းခြင်းဖြစ်ပြီး ဈေးနှုန်းအားဖြင့်နှိုင်းယှဉ်ပါက မက်ထရစ်တန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၀ ဝန်းကျင်မှ အမေရိကန်ဒေါ်လာ ၆၀၀ ဝန်းကျင်ခန့်ထိ မြင့်တက်လာပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးလျှင်  ပျမ်းမျှတစ်နှစ်လျှင် ၁၁၈.၈၁ ကီလိုဂရမ် စားသုံးလေ့ရှိ ကြောင်း ဖိလစ်ပိုင်စာရင်းအင်းဌာန၏ ကိန်းဂဏန်းများအရ သိရှိရပြီး ၈၁.၅ % မျှသာ ဖူလုံမှုရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

သို့သော် လက်ရှိဆန်တင်သွင်းမှုမူဝါဒအရ ဆန်တင်သွင်းခွင့်အား ကန့်သတ်ထားပြီး Rice Tariffication Lawအရအစိုးရအနေဖြင့်ဆန်တင်သွင်းခွင့်မရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍမှသာတင်သွင်း ခွင့်ရှိပါကြောင်း၊ အကယ်၍ Rice Tariffication Law တွင် အစိုးရအဆင်မြင့်အာဏာပိုင်များထံမှ ခွင့်ပြုချက်ရယူရန်မလိုအပ်ပဲ မည်သည့်အဖွဲ့အစည်းက မည်သည့်အချိန်တွင်မဆို ဆန်တင်သွင်းခြင်းကို ခွင့်ပြုကြောင်းကို ပြင်ဆင်သင့်ပါကြောင်း၊ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သည့် အမျိုးသားစားနပ် ရိက္ခာအာဏာပိုင်အဖွဲ့ (National Food Authority-NFA) မှ တစ်ဆင့် တင်သွင်းခွင့်ရရှိပါက ယခုဖြစ် ပေါ်လာနိုင်သည့် ပြသနာအား ဖြေရှင်းပေးရာရောက်ပါကြောင်း ဖော်ပြထားပါသည်။

သို့ရာတွင် ပုဂ္ဂလိကဆန်စပါးကုန်သည်များအနေဖြင့် ယခုအခြေအနေတွင် ဆန်တင်သွင်းရန် တုံ့ဆိုင်းနေမှုများရှိနေခြင်းကို မည်သို့မျှနားမလည်နိုင်ပါကြောင်း၊ Food and Agriculture Organization (FAO) ၏ပြောကြားချက်အရ ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြင့်တက်ခဲ့ပြီး ၁၂ တာကာလအတွင်း အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ပါကြောင်း၊ ပြည်တွင်း ဝယ်လိုအားမြင့်တက်ခဲ့ခြင်းနှင့် အိန္ဒိယ၏ဆန်တင်ပို့ခြင်းအားရပ်ဆိုင်းလိုက်ခြင်းကြောင့်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကဆန်ကုန်သည်များအနေဖြင့် ဆန်တင်သွင်းရာတွင် အမြင့်ဈေးဖြင့် လက်ထဲတွင် ဝယ်ယူထားမိမည်ကိုစိုးရိမ်နေခြင်းဖြစ်ပါကြောင်း၊ ထို့အပြင်အစိုးရအနေဖြင့် ဈေးနှုန်းကန့်သတ်ခဲ့ပါက ၎င်းတို့အနေ ဖြင့် တင်သွင်းသည့် ကုန်ကျစရိတ်များ အကာမိနိုင်ပါကြောင်း၊ လက်ရှိတွင် အစိုးရအနေဖြင့် ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းထား ၃၀ % အား ယာယီရပ်ဆိုင်းပေးသင့်ပါကြောင်း ကိုလည်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

မည်သည့်အခြေအနေမျိုးတွင်မဆို ဆန်ကုန်သည်များအနေဖြင့် လုံလောက်သည့် ဆန်ရိက္ခာအတွက် ရှုပ်ထွေးမှုဖြစ်ပေါ်စေသည့် ဈေးကွက်ကသာ ၎င်းတို့အတွက် အမြတ်ပိုမိုရရှိစေသည့်အတွက် ပိုမိုကြိုက်နှစ်သက်လေ့ရှိပါကြောင်း၊ အလားတူ ကြက်သွန်နီ၊ သကြားကဲ့သို့သော ကုန်ပစ္စည်းများတွင် လည်း အတူတူပင်ဖြစ်ပြီး ဈေးကွက်အား လက်ဝါးကြီးအုပ် ဆောင်ရွက်လိုကြပါကြောင်းဖော်ပြထားပါ သည်။

နိုင်ငံတော်သမ္မတအနေဖြင့် အရန်ဆန်ရိက္ခာဖူလုံစေရေ ဆန်တင်သွင်းမှုများ စတင်ဆောင်ရွက် နိုင်ရန်အတွက်ဆန်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးသင့်သည့်အချိန် ရောက်ရှိနေပြီ ဖြစ်ပြီး ဆန်တင်သွင်း၊ တင်ပို့မှု၊ ဘဏ္ဍာရေးအခြေအနေ၊ အစိုးရမှထောက်ပံ့ပေးမည့် အစီအစဉ် စသည်တို့ကို ဆွေးနွေးပြီးမှသာ ဆန်တင်သွင်းမှုများ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဖော်ပြထားသည့် အစိုးရ၏ထောက်ပံ့ပေးမှု အစီအစဉ်များ အတွက်လည်း ပုဂ္ဂလိကဆန်လုပ်ငန်းရှင်များမှလည်း ကူညီ ပေးရန်အသင့်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် တောင်းဆိုပါက မိမိတို့အနေဖြင့် ဆန်တင်သွင်းပေးရန် အဆင်သင့်ဖြစ်ပါကြောင်း၊ အိတ်များဖြင့်မဟုတ်ပဲ ပမာဏကြီးကြီးမားမား တခါတည်း တင်သွင်းနိုင်ပါက ကုန်ကျစရိတ်သက်သာမည်ဖြစ်ပါကြောင်း၊ ဆန်ကုန်သည်များအနေဖြင့် တင်သွင်းလာသည့် ဆန်များအာ ထိန်းသိမ်းထားရှိရန် အဆင့်မြင့်နည်းပညာများ အသုံးပြုထားသည့် ဆန်သိုလှောင်ရုံများရှိပြီး NFA မှ သိုလှောင်ထားနိုင်သည့် အချိန်ထက် ပိုမိထိန်းသိမ်းထားနိုင်ပါကြောင်း ဖော်ပြထားပါသည်။

ဖိလစ်ပိုင်လူဦးရေး၏ အခြေခံလူတန်းစား ၃၀% မှာ ဆန်ဈေးနှုန်းအပါအဝင် အခြားစားသောက် ကုန်ပစ္စည်းများဈေးနှုန်းမြင့်တက်ခြင်းဒဏ်ကိုခံစားနေရသဖြင့်နိုင်ငံတော်သမ္မတအနေဖြင့်ထိထိရောက် ရောက်  ပါဝင်ရတော့မည် ဖြစ်ပါကြောင်း၊ အစားအသောက်ကုန်စည်ဈေးနှုန်းများ မြင့်တက်နေခြင်းမှာ ပြသနာတစ်ရပ်ဖြစ်နေဆဲဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် ဇူလိုင်လထဲတွင် သကြားနှင့် ဟင်းသီးဟင်းရွက် ဈေးနှုန်းမှာ၂၂ %ထိမြင့်တက်ခဲ့ပါကြောင်း၊ပေါင်မုန့် ၁၀.၇% နှင့် နွားနို့  ၈ % ထိ မြင့်တက်ခဲ့ပါကြောင်း၊ အခြေခံလူတန်းစားများမှာအဆိုပါအကျိုးဆက်အားဆိုးရွားစွာ ခံစားခဲ့ရပါကြောင်း ဖော်ပြထားပါသည်။

နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် သမ္မတမှအစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းအား လျှော့ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သော်လည်း ဖိလစ်ပိုင်အိမ်ထောင်စု များ၏ ၁၀.၄% မှာ ပြီးခဲ့သည့် ၃ လတာ ကာလအတွင်း အနည်းဆုံးတစ်ကြိမ်ခန့် ဆာလောင်မှုအား ခံစားခဲ့ရပြီး စားသောက်ရန် ဘာမှမရှိသည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရခြင်းများရှိကြောင်း National Social Weather Survey အရ သိရှိရပါကြောင်း၊  ၂၀၂၃ ခုနှစ် ဆာလောင်မှု ကိန်းဂဏန်းများအား ၂၀၂၃ မတ်လနှင့်နှိုင်းယှဉ်ပါက ၉.၈% ထိ မြင့်တက်ခဲ့ပါကြောင်း ဖော်ပြပါရှိပါသည်။

 

 

Source; https://www.philstar.com/business/2023/08/07/2286684/rice-supply

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News