International News

တရုတ်နိုင်ငံ လျှပ်စစ်မော်တော်ယာဉ် (Electric Vehicle-EV) ထုတ်လုပ်သူ Omoda & Jaecoo International Co, က ထိုင်းနိုင်ငံတွင် EV စက်ရုံဆောက်လုပ်ရန် စီစဉ်ထား

Last Updated:

တရုတ်နိုင်ငံပိုင် မော်တော်ယာဉ်ထုတ်လုပ်သည့် Chery International ၏ လက်ခွဲတစ်ခု ဖြစ် သော Omoda & Jaecoo International Co, သည် ထိုင်းနိုင်ငံတွင် EV စက်ရုံအခြေစိုက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ထိုင်းနိုင်ငံတွင်းရှိ ဒါရိုက်တာဖြစ်သူ Mr. Qi Jie က ပြောကြားခဲ့ပါသည်။

Chery သည် တရုတ်နိုင်ငံတွင် ထိပ်တန်း EV ထုတ်လုပ်သူ ၁၀ ဦး၌ ပါဝင်ပါကြောင်း၊ ကုမ္ပဏီ အနေဖြင့် Omoda နှင့် Jaecoo အမျိုးအစား  ၂ မျိုးကို ထိုင်းနိုင်ငံတွင် မိတ်ဆက်သွားမည် ဖြစ်ကြောင်း၊ ပြည်တွင်းဝယ်ယူသူများက ယင်းအမျိုးအစား ၂ မျိုးအပေါ် တုန့်ပြန်မှုကောင်းသောကြောင့်ဖြစ်ကြောင်း၊ Chery ၏ ထိုင်းနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွင် အဆင့် ၃ ဆင့် ရှိပါကြောင်း၊ ပထမအဆင့် ၂၀၂၄-၂၀၂၅ တွင် ၁ နှစ်လျှင် EV အစီးရေ ၁၈,၀၀၀ စီးထုတ်လုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား ပါသည်။

ကုမ္ပဏီသည် ၎င်း၏ ကိုယ်ပိုင် ထုတ်လုပ်ရေးမစတင်မီ Omoda နှင့် Jaecoo ကို ထုတ်လုပ်ပေး ရန် PTT Plc, ၏ လက်ခွဲဖြစ်သော Arun Plus Co, ကို ငှားရမ်းနိုင်ရေး ဆွေးနွေးနေပါကြောင်း၊ ဒုတိယ အဆင့် ၂၀၂၆-၂၀၂၇ တွင် အစီးရေ ၅၀,၀၀၀ ထိ တိုးမြှင့်ထုတ်လုပ်သွားမည် ဖြစ်ပြီး ၄၅,၀၀၀ သည် ပို့ကုန်ဈေးကွက်အတွက် ဖြစ်ကြောင်း၊ ကျန်အစီးရေကိုသာ ပြည်တွင်ဈေးကွက်တွင် ရောင်းချသွားမည် ဖြစ်ကြောင်း၊ တတိယ အဆင့် ၂၀၂၈-၂၀၃၀ တွင် အစီးရေ ၁၀၀,၀၀၀ ထိ ထုတ်လုပ်သွားမည် ဖြစ်ပြီး ၆၀,၀၀၀ ကို တင်ပို့သွားမည် ဖြစ်ကြောင်း ကုမ္ပဏီ၏ လျာထား အစီအစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြော ကြားပါသည်။

EV ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် ထိုင်းကုမ္ပဏီများနှင့်လည်းဆွေးနွေးနေပါကြောင်း၊ ထိုင်း နိုင်ငံသည် အရှေ့တောင်အာရှတွင် အင်ဒိုနီးရှားနှင့် မလေးရှားပြီးနောက် Chery ၏ တတိယမြောက် ရင်းနှီးမြှုပ်နှံရန် ရွေးချယ်ခဲ့သည့် နိုင်ငံဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံတွင် ပြည်တွင်းသုံးစွဲရန် ပို့ကုန်အတွက် အဓိက ထုတ်လုပ်သွားမည် ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့တွင် အတွင်းပိုင်း  လောင်ကျွမ်း စက်ပစ္စည်းများ ထုတ်လုပ်ပြီး ထိုင်းနိုင်ငံ၌ ပို့ကုန်အတွက် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ဆက်လက် ပြောကြားပါသည်။

Chery အနေဖြင့် အစိုးရသစ်နှင့် နိုင်ငံ EV မူဝါဒ ကော်မတီ၏ EV ထုတ်လုပ်သူများနှင့် EV ဝယ်လို အား တိုးမြင့်နိုင်မည့် “EV 3.5” နည်းလမ်းအား အတည်ပြုမည့် အချိန်ကို စောင့်ဆိုင်းနေပါကြောင်း၊ အရောင်းပြခန်း ၃၀ ခန်းနှင့် After-sales ဝန်ဆောင်မှုကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mr. Qi Jie က ပြောကြားခဲ့ပါသည်။  

 

 

Source: www.bangkokpost. gov၊

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News