International News

ဆန်ရောင်းချရမည့် အမြင့်ဆုံးဈေးနှုန်းသတ်မှတ်လိုက်ခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ လျော့နည်းစေရန် ဆန်လက်လီရောင်းချသူများအား ဖိလစ်ပိုင်အစိုးရ၏ ထောက်ပံ့ပေးမှုအစီအစဉ်

Last Updated:

၁-၉-၂၀၂၃ ရက်နေ့မှ စတင်၍ ဆန် Well-Milled အား တစ်ကီလိုလျှင် ၄၅ ပီဆို၊ Regular Milled အား တစ်ကီလိုလျှင် ၄၁ ပီဆို ထက် မမြင့်သော ဈေးနှုန်းဖြင့်သာ ရောင်းချသွားရန် ဖိလစ်ပိုင် သမ္မတရုံးမှ ၃၁-၈-၂၀၂၃ ရက်နေ့က အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်ကြောင့် နစ်နာ ဆုံးရှုံးမှုများ လျော့နည်းစေရန် ဖိလစ်ပိုင်လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဆန်လက်လီရောင်းချ နေသူများ အား ထောက်ပံ့ပေးသည့် အစီအစဉ်တစ်ရပ်အား ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစီအစဉ်မှာ စိုက်ပျိုးရေးဝန်ကြီးအဖြစ်ပူးတွဲတာဝန်ထမ်းဆောင်လျက်ရှိသော သမ္မတမားကို့စ်၏ လမ်းညွှန်မှာကြား ချက်နှင့်အညီ Sustainable Livelihood Program (SLP) အစီအစဉ်အောက်မှ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

လတ်တလော၌ SLP အစီအစဉ်တွင် ဘတ်ဂျက်ခွဲဝေချထားပေးမှု အနေဖြင့် ပီဆို- ၅.၅ ဘီလီယံ ရှိပြီး အဆိုပါငွေများအား အစိုးရမှ ဈေးနှုန်းသတ်မှတ်လိုက်ခြင်းကြောင့် ထိခိုက်နစ်နာခဲ့သည့် ဆန်စက် ငယ်ပိုင်ဆိုင်သော လက်လီရောင်းချသူများအတွက် အမြန်ဆုံးထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ လူမှု ဖူလုံရေးဝန်ကြီးဌာနမှလာမည့်သတင်းပတ်အတွင်ထောက်ပံ့ငွေများ ထုတ်ပေးသွားနိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဆန်လက်လီရောင်းချသည့် ဆိုင်ငယ်များအား သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးပြီးမှသာ ထုတ်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ဆန်ဆိုင်ငယ်များအတွက်မူ ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနတို့မှ ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။

သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ဆန်လက်လီရောင်းချသူစာရင်းအား ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊စိုက်ပျိုးရေးဝန်ကြီးဌာနတို့မှ တွက်ချက်နေပြီး တစ်ဦးလျှင် အများဆုံး ပီဆို-၁၅,၀၀၀ ဖြင့် SLP အစီအစဉ်အောက်မှ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး တစ်လုံးတစ်ခဲတည်း ပေးအပ်သွားမည် ဖြစ်ပါသည်။

ဆန်လက်လီရောင်းချသူများမှ ၎င်းတို့အနေဖြင့် အစိုးရမှ သတ်မှတ်ထားသည့် အမြင့်ဆုံးဈေး ထက်မကျော်လွန်ပဲ ရောင်းချရမည်ဆိုပါက ကြီးစွာသော ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည်ဟု တင်ပြထားပါကြောင်း၊ အမြင့်ဆုံးဈေးနှုန်းသတ်မှတ်ချက်သည် ဆန်ကုန်သည်များနှင့် လက်လီရောင်းချသူများ အားထိခိုက်မှုရှိခဲ့သည်ဟု သမ္မတအနေဖြင့်အသိအမှတ်ပြုစဉ်းစားပေးခဲ့ပြီး သက်ဆိုင်ရာအစိုးရဝန်ကြီး ဌာနများသို့ ယခုကဲ့သို့ထောက်ပံ့ပေးသည့် အစီအစဉ်အား အမြန်ဆုံးဆောင်ရွက်ပေးသွားရန် စီစဉ် ညွှန်ကြားခဲ့ပါသည်။  

Sustainable Livelihood Program (SLP) အစီအစဉ် အတွက် ဘတ်ဂျက် ပီဆို- ၂ ဘီလီယံ အားထပ်မံဖြည့်တင်းပေးသွားမည်ဖြစ်ပြီး အဆိုပါလိုအပ်သည့် ဘတ်ဂျက်အတွက် အခြားခေါင်းစဉ်များမှ ရယူဖြည့်တင်းနိုင်ရေး စဉ်းစားဆုံးဖြတ်သွားမည်ဖြစ်ကြောင်းအောက်လွှတ်တော်အမတ်မှ ပြောကြား ခဲ့ပါသည်။

သမ္မတ၏ဦးစားပေးအစီအစဉ်မှာ မြို့တော်မနီလာမှာ ဆုံးရှုံးနစ်နာမှုအများဆုံးဖြစ်သဖြင့်မနီလာ မြို့ရှိ ဈေးများတွင် ရောင်းချနေသော ဆန်လက်လီအရောင်းဆိုင်များမှ အမှန်တကယ်ဆုံးရှုံးနစ်နာခဲ့ သူများအား ဦးစားပေး ထောက်ပံ့ပေးသွားရန်၊ ချမ်းသာပြည့်စုံသည့် ဆန်လုပ်ငန်းရှင်များမှာ  အရှုံးအား ခံနိုင်မည် ဖြစ်သဖြင့် ထောက်ပံ့မှုရရှိမည် မဟုတ်ကြောင်း ဖော်ပြပါရှိပါသည်။

အသေးစားစူပါမားကက်များအပါအဝင် ဆန်လက်လီရောင်းချသူများနှင့်လက်ကားရောင်းချသူများအား ချေးငွေထောက်ပံ့ပေးခြင်း၊ ဈေးကွက်သို့ ရောက်ရှိသည်ထိ သယ်ယူပို့ဆောင်ပေးမည့် အစီအစဉ်အပါအဝင်လိုအပ်သည့် ထောက်ပံ့ပေးမှုများအား ဆောင်ရွက်ပေးသွားရန် သမ္မတမှ ကုန်သွယ် ရေးဝန်ကြီးဌာနသို့ ညွှန်ကြားထားကြောင်း ဖော်ပြထားပါသည်။ ဈေးကွက်ချိတ်ဆက်ဆောင်ရွက်ပေးရာတွင် စူပါမားကက်များ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များစသည်တို့မှ ကြိုတင်ဝယ်ယူခြင်း၊ သို့မဟုတ် စူပါမားကက်အသီးသီးမှ စုပေါင်းဝယ်ယူခြင်းတို့ကို စပါးစိုက်ပျိုးသူတောင်သူများနှင့် ချိတ် ဆက်ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် သမ္မတမားကို့စ်မှ ကုန်သွယ်ရေးဝန်ကြီးဌာနသို့ ညွှန်ကြား ထားကြောင် သိရှိရပါသည်။

ထို့ပြင်ဆန်ကုန်သည်များမှ ဆန်လက်လီရောင်းချသူများထံသို့ဆန်ဖြန့်ဖြူးပေးပို့ရာတွင်သယ်ယူ စရိတ်လျှော့ချနိုင်ရေး အစိုးရအနေဖြင့် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

 

 

 

Source;https://www.cnnphilippines.com/news/2023/9/5/rice-price-cap-appeal.html?utm_ source=izooto&utm_medium= push _notifications& utm_campaign=DSWD%20to%20subsidize%20small-scale%20rice%20retailers%20affected% 20by%20price% 20cap

(စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: International News