International News

ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲအနိုင်ရပြီးနောက် အမေရိကန်နိုင်ငံ၏ရေနံဈေးနှုန်း ကျဆင်း

Last Updated:

ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက်တွင် အမေရိကန်ရေနံဈေးနှုန်းသည် ကျဆင်းခဲ့ကြောင်း၊ Brent ရေနံဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၇၅) ရှိခဲ့ရာမှ ကျဆင်းခဲ့ကြောင်း၊ ဤသည်မှာ အထူးသဖြင့် တရုတ်နိုင်ငံကဲ့သို့သော အဓိကအရေးပါသည့် ကုန်သွယ်ဖက်နိုင်ငံများအပေါ် အကောက်ခွန်နှုန်းတိုးမြှင့်သတ်မှတ်ကောက်ခံမည့်ကိစ္စနှင့် ဆက်စပ် လျက် အမေရိကန်နိုင်ငံ၏ ရေနံထုတ်လုပ်မှုမြင့်တက်ကာ ဝယ်လိုအားကျဆင်းလာနိုင်ခြေကြောင့် ဤသို့ ဈေးနှုန်းကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် သမ္မတဒေါ်နယ်ထရမ့် လက်ထက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာနိုင်ခြင်းမှာလည်း ရေနံဈေးနှုန်းအပေါ် သက်ရောက်မှုများ ရှိနိုင်ကြောင်း၊ Brent ရေနံဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၇၃.၅၉)၊ (၂.၆) ရာခိုင်နှုန်း နှင့် WTI Nymex ဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၉.၉၉)၊ (၂.၈) ရာခိုင်နှုန်းသို့ အသီးသီး ကျဆင်းခဲ့ပါသည်။

(ဇစ်မြစ်။ Wall Street Journal)

စီးပွားရေးသံမှူး၊ ဝါရှင်တန်

 

Category: International News