International News

ထရမ့်၏မူဝါဒသည် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးအပေါ် သိသိသာသာ သက်ရောက်မှုရှိနိုင်လိမ့်မည်ဟု မျှော်မှန်းကြောင်း ဘဏ္ဍာရေးဝန်ကြီးပြောကြား

Last Updated:

ယခင် အမေရိကန်ပြည်ထောင်စုသမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ကို သမ္မတအဖြစ် ဒုတိယအကြိမ် ထမ်မံရွေးချယ်ခံရမှုကြောင့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးအပေါ် သိသိသာသာ သက်ရောက်မှုရှိနိုင်လိမ့်မည်ဟု မျှော်မှန်းကြောင်း၊ သို့ဖြစ်၍ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ဖြစ် ပေါ်လာနိုင်သည့် အဓိကမူဝါဒအပြောင်းအလဲများနှင့် ဈေးကွက်မတည်ငြိမ်မှုများကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်သွားမည်ဟု ဘဏ္ဍာရေးဝန်ကြီး Mr. Choi Sang-mok က ၇-၁၁-၂၀၂၄ ရက်နေ့ တွင်ကျင်းပသည့် စီးပွားရေးဆိုင်ရာဝန်ကြီးများတွေ့ဆုံဆွေးနွေးပွဲတွင် ကတိပြုပြောကြားခဲ့ပါသည်။

ထရမ့်က အလေးပေးသည့် မူဝါဒများကို အကောင်အထည်ဖော်မည်ဆိုပါက တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးအပေါ် သိသိသာသာ သက်ရောက်မှုရှိလိမ့်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ တောင်ကိုရီးယားနိုင်ငံအစိုးရသည် ဘဏ္ဍာရေးနှင့် နိုင်ငံခြားငွေလဲလှယ်ရေးစျေးကွက်များ၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းများနှင့် စပ်လျဉ်းသည့် မူဝါဒရေးရာညှိနှိုင်းဆွေးနွေးမှုများကို သက်ဆိုင် သည့်အဖွဲ့အစည်းများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်၍ ထဲထဲဝင်ဝင်ဆွေးနွေးသွား မည်ဖြစ်ပါကြောင်း ဝန်ကြီး Mr. Choi Sang-mok ပြောကြားခဲ့သည်။

ကြုံတွေ့ရလာနိုင်သည့် အဓိကကုန်သွယ်ရေးဆိုင်ရာ ပြဿနာများအား တုံ့ပြန်နိုင်ရေးအ စီအစဉ်များကို ရေးဆွဲနေစဉ် ကာလအတွင်း အမေရိကန်ပြည်ထောင်စုနှင့်လည်း ပူးပေါင်းဆောင် နိုင်ရွက်မည့်နည်းလမ်းမျိုးစုံ အသုံးပြု၍ တက်တက်ကြွကြွ ပူးပေါင်းညှိနှိုင်းဆွေးနွေးသွားရန်လည်း စီစဉ်ထားရှိပါကြောင်း ဝန်ကြီး Mr. Choi Sang-mok ပြောကြားခဲ့သည်။

ပြောင်းလဲလာသော အခြေအနေများနှင့်အညီ အစိုးရသည် ကိုရီးယားကုမ္ပဏီများ၏ ယှဉ်ပြိုင်မှုစွမ်းရည် မြင့်မားလာစရန်နှင့် ဉာဏ်ရည်တု၊ ကွမ်တမ် (AI ခေတ်အတွက် ပုံစံထုတ်ထားသော ကုန်ကျစရိတ် သက်သာပြီး အစမှအဆုံး ဒေတာ စီမံခန့်ခွဲမှုဖြေရှင်းနည်းများ ပေးနိုင်သည့်  ရူပဗေဒ ဆိုင်ရာ နည်းပညာများကိုလေ့လာမှု) နှင့် ဇီဝကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်ရေး ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ အမေရိကန်ရွေးကောက်ပွဲကာလအတွင်း ပြည်တွင်းပြည်ပ ဘဏ္ဍာရေးစျေးကွက်များတွင် မတည်ငြိမ်မှုများ မြင့်တက်လာခဲ့သည့်အပြင် လက်ရှိကာလတွင်လည်း မသေချာမရေရာမှုများ ဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်း၊ သို့ဖြစ်၍ တောင်ကိုရီးယားနိုင်ငံ အစိုးရအနေဖြင့် ဈေးကွက်ကို အထူးသတိပြု၍ အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ပါကြောင်း၊ စျေး ကွက်အတွင်း အလွန်အကျွံမတည်ငြိမ်မှုများ ရှိလာခဲ့ပါက အရေးပေါ်အစီအစဉ်များနှင့် ကိုက်ညီသည့် သင့်လျော်သော အရေးယူဆောင်ရွက်မှုများကို အကောင် အထည်ဖော်သွားမည်ဖြစ်ပါကြောင်း  ဝန်ကြီး Mr. Choi Sang-mok က အစည်းအဝေးတွင်ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံအစိုးရသည် ဒေါ်နယ်လ်ထရမ့်အနေဖြင့် သမ္မတလောင်းအဖြစ် ဝင် ရောက်ယှဉ်ပြိုင်စဉ်ကာလကတည်းက ဒေါ်နယ်လ်ထရမ့်သာ သမ္မတဖြစ်လာပါက တောင်ကိုရီး ယားနိုင်ငံ၏ စီးပွားရေးအပေါ် သက်ရောက်လာနိုင်သည်များကို ကြိုတင်တွက်ဆ၍ ပြန်လည်တုံ့ ပြန်ဆောင်ရွက်မည့် အစီအစဉ်များကြိုတင်ရေးဆွဲပြီးဖြစ်သည့်အတွက် ပို့ကုန်တင်ပို့မှု ကျဆင်းမှု မရှိစေရေးနှင့် ပြန်လည်နလန်ထူလာသည့် စီးပွားရေးကို ထိခိုက်မှုမရှိစေရေး ကြိုးစားဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: The Korea Times

စီးပွားရေးသံမှူး၊ဆိုးလ်မြို့

 

 

 

 

 

 

 

Category: International News