International News

သကြားဈေးနှုန်းအပေါ် စိုးရိမ်ပူပန်မှု လျော့နည်းစေရေးအတွက် လမ်းကြောင်းတစ်ခု တည်ထောင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောကြား

Last Updated:

အစိုးရ၏ ပြည်တွင်းသကြားဈေးနှုန်းအပေါ် သတ်မှတ်လိုက်သည့် ဆုံးဖြတ်ချက်ကြောင့် ကြံစိုက်တောင်သူများ၏ တုန့်ပြန်လာမှုအပေါ် ကြံနှင့်သကြားစက်ရုံများအကြား ညီညွှတ်မျှတမှုရှိစေရေး စီမံခန့်ခွဲရန်အတွက် လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊  သကြားစိုက်တောင်သူအဖွဲ့အစည်း ၄ ခုနှင့် ဝန်ကြီး Mr. Phumtham Wechayachai တို့ တွေ့ဆုံပြီးနောက် လုပ်ငန်းအဖွဲ့ကို ဝန်ကြီး၏ အကြံပေးလည်းဖြစ်သော စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဟောင်း Mr. Yanyong Phuangrach က ဦးဆောင်မည်ဖြစ်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် သကြားစိုက်တောင်သူကိုယ်စားလှယ်များပါဝင်၍ ဖွဲ့စည်းသွားမည်ကြောင်း သိရှိရပါသည်။

လုပ်ငန်းအဖွဲ့က စိုက်ပျိုးရာသီသစ် မစတင်မီ ၁ လအတွင်း သင့်လျော်သော အဖြေတစ်ခုကို ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ ဈေးနှုန်း ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ဖြစ်သော သကြားသည် ထိန်းချုပ်ကုန်စည်ဖြစ်နေသေးပါကြောင်း၊ သင့်တင့်သော သုံးသပ်ချက်နှင့် အဖြေများကိုရရှိပါက ကြေညာ ချက်ကို ရုပ်သိမ်းသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများအကျိုးရှိစေရေးကို ရှေးရှုပါကြောင်း၊ နိုင်ငံအတွက် အကျိုး အမြတ်ကြီးမားစေလိုကြောင်း ဝန်ကြီး Mr. Phum-tham Wechayachai က ပြောကြားခဲ့ပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မှောင်ခိုသကြားနှင့် တရားမဝင်သကြားတင်ပို့မှုကို တိုက်ဖျက်ရန်အတွက် ခရိုင်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေး ဝန်ထမ်းများအား နိုင်ငံအဝှမ်းရှိ သကြားစက်ရုံများ၏ စာရင်းဇယားများ၊ ဈေးကွက်နှင့် စတိုးဆိုင်များသို့ သွားရောက်စစ်ဆေးရန် ညွှန်ကြားထားပါကြောင်း၊ သကြားကြမ်း လက်လီဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ၂၄ ဘတ်နှင့် သန့်စင်ပြီး သကြားဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ၂၅ ဘတ်ဖြင့် ရောင်းချလျက်ရှိကြောင်း ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

 

Source: www.bangkokpost. gov

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: International News