International News

ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း သဘောတူညီမှု ၃ ခုရရှိရန် မျှော်မှန်းထား

Last Updated:

ထိုင်းနိုင်ငံသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်အတွက် ဥရောပလွတ်လပ်သော ကုန်သွယ်ရေးအဖွဲ့ (European Free Trade Association -Efta)၊ သီရိလင်္ကာနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (the United Arab Emirates-UAE) တို့နှင့် ဆွေးနွေးဆဲဖြစ်သော လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ် (FTA) များကို လာမည့်နှစ်လယ်ပိုင်းတွင် အပြီးသတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mrs. Auramon Supthawee-thum က ပြောကြားလိုက်ပါသည်။

အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံတို့နှင့် ချိတ်ဆက်လျက်ရှိသော တောင်အာရှရှိ သီရိလင်္ကာနိုင်ငံသည် တည်နေရာအားဖြင့်ကောင်းမွန်ပြီး စီးပွားရေးအရ ကြီးထွားလျက်ရှိပါကြောင်း၊ Efta သည် အိုက်စလန်၊ လစ်ချ်တင်စတိန်း၊ နော်ဝေနှင့် ဆွစ်ဇာလန်နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသောကြောင့် Thai-Efta FTA သည် ထိုင်းနိုင်ငံ၏ ကုန်သွယ်မှုကို စဉ်ဆက်မပြတ် စေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဖြစ်ကြောင်း ၎င်းကဆိုပါသည်။

Efta သည် ထိုင်းနိုင်ငံအတွက် အဆင့် ၁၄ ရှိသော အကြီးမားဆုံးသော ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပါကြောင်း၊ နှစ်စဉ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၉.၈၅ ဘီလီယံရှိကြောင်း၊ ထိုင်းနိုင်ငံ၏ အရှေ့အလယ်ပိုင်းဒေသတွင် ကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀.၈ ဘီလီယံဖြင့် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသော UAE နှင့် ဆွေးနွေးခြင်းသည် ပထမဆုံး FTA ဖြစ်ပါကြောင်း၊ UAE သို့ မော်တော်ကားများ၊ လေအေးပေးစက်များနှင့် အစိတ်အပိုင်းများ၊ ကျောက်မျက်ရတနာနှင့် သစ်သားများတင်ပို့လျက်ရှိပြီး UAE မှ ရေနံစိမ်း၊ သန့်စင်ပြီးဆီ၊ သဘာဝဓာတ်ငွေ့၊ အခြားသော ဓာတုသတ္တုပစ္စည်များ၊ သတ္တုအပိုင်းအစများနှင့် ထုတ်လုပ်သော ပစ္စည်းများ တင်သွင်းလျက်ရှိကြောင်း Mrs. Auramoon  ၏ ပြောကြား ချက်အရ သိရှိရပါသည်။

အာဆီယံ-ဩစတြေးလျ-နယူးဇီလန် FTA ကို လာမည့်နှစ်လယ်ပိုင်းတွင် အဆင့်မြှင့်တင်သွားရန် မျှော်လင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါသည်။

 

 

 

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့

Source: www.bangkok.gov         

Category: International News