International News

ဗီယက်နမ်နိုင်ငံသည် ဒူးရင်းတင်ပို့မှု ဈေးကွက်မြှင့်တင်ရန် ရည်မှန်း

Last Updated:

ဗီယက်နမ်နိုင်ငံသည် ဒူးရင်းတင်ပို့မှုဈေးကွက်ရရှိထားသည့် လက်ရှိအားသာချက်များကို အသုံးပြုကာ သစ်သီးအရည်အသွေးမြှင့်တင်ခြင်းဖြင့် ပို့ကုန်ဈေးကွက်ဘီလီယံနှင့်ချီရရှိရေး ရည်ရွယ်ချက်ဖြင့်ဒူးရင်းတင်ပို့မှုဈေးကွက်တွင် ခိုင်မာလာစေရန် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် အလားအလာများရရှိရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ချဲ့ထွင်ရန် စိတ်အားထက်သန်လျက်ရှိသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရ ဗီယက်နမ်သည် ဒူးရင်းစိုက်ပျိုးမှု ဟက်တာ ၁၁၀,၀၀၀ ကျော်ရှိပြီး နှစ်စဉ် တန်ချိန် ၈၅၀,၀၀၀ နီးပါး ထွက်ရှိသည်။ ဒူးရင်းစိုက်ပျိုးမှု၏ အဓိကဒေသများမှာ အလယ်ပိုင်းကုန်းမြင့်များဖြစ်ပြီး စုစုပေါင်း စိုက်ပျိုးဧရိယာ၏ ၄၇ ရာခိုင်နှုန်း၊ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသနှင့် အရှေ့တောင်ဒေသတို့က ၃၀ ရာခိုင်နှုန်းနှင့် ၁၉ ရာခိုင်နှုန်း အသီးသီးရှိသည်။

သွင်းကုန်ဈေးကွက်တွင် ရောင်းဈေးမြင့်မားမှုကြောင့် ဗီယက်နမ်ဒူးရင်းသည် အခြားလယ်ယာထွက် ကုန်များဖြစ်သော ငရုတ်ကောင်း၊ နဂါးမောက်သီးနှင့် ရော်ဘာတို့ထက် မြင့်မားလာကာ လွန်ခဲ့သည့် ငါးနှစ်အတွင်း စိုက်ပျိုးဧရိယာသည် နှစ်စဉ် ၂၅ ရာခိုင်နှုန်း နီးပါးတိုးလာခဲ့သည်။ Intimex Group ၏ ဥက္ကဌနှင့် အထွေထွေဒါရိုက်တာ Do Ha Nam မှ ကော်ဖီနှင့် ငရုတ်ကောင်းကဲ့သို့ အခြားသီးနှံများမှ နှစ်စဉ်အမြတ်ငွေ တစ်ဟက်တာလျှင် ဗီယက်နမ်ဒေါင် ၂ ဘီလီယံအထိရရှိသည့် ဒူးရင်းစိုက်ပျိုးမှု၏ အကျိုးအမြတ်သဘောသဘာဝကို မီးမောင်းထိုးပြခဲ့သည်။

 

 

Source: en.vietnamplus.vn

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News