Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပင်လယ်စာကင်းမွန် ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဖေ‌ဖော်ဝါရီလအတွင်းက ပင်လယ်စာကင်းမွန်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ‌ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ပင်လယ်စာကင်းမွန်ပိဿာချိန် ၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၉ ရက်နေ့ထိ တစ်လတာကာလအတွင်း ပင်လယ်စာကင်းမွန်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“လပွတ္တာမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ဖေ‌ဖော်ဝါရီလထဲမှာ ပင်လယ်စာကင်းမွန် ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိ မတ်လထဲမှာလဲ ပင်လယ်စာကင်းမွန်တွေ အဝင်များပြီး အရက်ကထက် ပိုမိုတင်ပို့ရောင်းချနေရပါတယ်။ ရန်ကုန်ကို ကုန်များများတင်ပို့ရောင်းချအားရှိလာပေမဲ့ ကင်းမွန်ငါးဈေးက ငြိမ်နေတယ်။ လပွတ္တာမြို့နယ်ကနေထွက်ရှိတဲ့ ပင်လယ်စာကင်းမွန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ အခု ပြည်ပဈေးကွက်ကနေ ကင်းမွန်တွေ အဝယ်လိုက်လာတယ်လို့ သိရတယ်။ ပြည်ပဈေးကွက်အဝယ်ကောင်းလာရင် အခုထက်အ‌ရောင်းအဝယ် သွက်လာဖို့သာရှိပါတယ်” ဟု လပွတ္တာမြို့နယ် ‌ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က‌ပြောပြသည်။

အဆိုပါ ပင်လယ်စာကင်းမွန်များကို စနစ်တကျစစ်ဆေးသန့်စင်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါကင်းမွန်များကို ရန်ကုန်မြို့မှတစ်ဆင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်‌ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News