International News

ထိုင်းနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ၃၃ လအတွင်း အနိမ့်ဆုံးအဆင့်ထိ ကျဆင်းခဲ့

Last Updated:

ဒီဇယ်နှင့် ဂက်စ်ဆိုဟော ၉၁ ဈေးနှုန်းများအပေါ် ထိုင်းနိုင်ငံအစိုးရက ထောက်ပံ့ပေးမှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်းသည် ၃၃ လအတွင်း အနိမ့်ဆုံးအဆင့်ထိ ကျဆင်းခဲ့ကြောင်း၊ နိုဝင်ဘာလသည် ဆက်တိုက်ကျဆင်းခဲ့မှု၏ ဒုတိယလဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလနှင့်နှိုင်းယှဉ်ကြည့်ပါက ဝက်သား၊ လတ်ဆတ်ကြက်သားနှင့် ဟင်းရွက်ဆီဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးသတ်မှတ်ချက် (Headline Inflation) သည် ၀.၄၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု စီးပွားရေးနှင့်ကူးသန် းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အားခနှုန်းထား၊ ဒီဇယ်၊ ဂက်စ်ဆိုဟော ၉၁ ဈေးနှုန်းများနှင့် လျှပ်စစ်ရထားခများ လျှော့ချ ပေးသည့် အစိုးရ၏ ဆောင်ရွက်ချက်များသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ဆပ်ပြာမှုန့် များ၊ တီဗွီများ၊ အဝတ်လျှော်စက်များ နှင့် လေအေးပေးစက်တို့၏ ဈေးနှုန်းများလည်း ဆက်လက်‌လျှော့ချပေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး၏ ညွှန်ကြားရေး မှူးချုပ်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးအခြေအနေ တိုးတက်မှုသည် ကောင်းမွန်နေပြီး ယခုနှစ်တွင် ၂.၅ ရာခိုင် နှုန်း၊ ၂၀၂၄ ခုနှစ်တွင် ၂.၇-၃.၇ ရာခိုင်နှုန်း ဖြစ်နိုင်သည်ဟု နိုင်ငံအဆင့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှုကောင်စီက ခန့်မှန်းထားပါကြောင်း၊ ပြောင်းလဲနေသော အစားအစာနှင့် စွမ်းအင်ဈေးနှုန်း များ မပါဝင်သည့် Core inflation သည် နိုဝင်ဘာလအတွင်း ၀.၀၆ ရာခိုင်နှုန်းရှိပါကြောင်း၊ ပထမ ၁၁ လအတွင်း ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးသတ်မှတ်ချက် (Headline Inflation) သည် ၁.၄၁ ရာခိုင် နှုန်း ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်၏ ငွေကြေးမူဝါဒ ကော်မတီ၏ လျာထား ချက် ၁.၀-၃.၀ ရာခိုင်နှုန်းအတွင်း ဘောင်ဝင်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၁-၁.၇ ရာခိုင်နှုန်း ခန့်မှန်းထားကြောင်း သိရှိရပါသည်။

အစိုးရ၏ ထောက်ပံ့ပေးမှုဖြစ်သည့် စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားခနှုန်းများ ကျဆင်းခဲ့ခြင်း ကြောင့် Headline Inflation ကျ ဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ Core inflation သည် ၁ ရာခိုင်နှုန်းထက်ပင် နည်းနေပါကြောင်း၊  ပြည်သူများသုံးစွဲမှုသည် စရိတ်စကများအတွက် စိုးရိမ်နေဆဲဖြစ်သည်ကို ပြသပါကြောင်း၊ Deflation အစပြုမှုကို ပြသနေခြင်းနှင့် စီးပွားရေးကို နှိုးဆွပေးနိုင်ရေးအတွက် အတိုးနှုန်း လျှော့ချခြင်းကဲ့သို့သော မူဝါဒများ အရေးတကြီး လိုအပ်နေကြောင်း University of Thai Chamber of Commerce (UTCC) ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Thanavath Phonvichai က သုံးသပ် အကြံပြုထားပါသည်။

 

 

Source: www.bangkokpost. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News