International News

အမေရိကန်-ဩစတြေးလျနှစ်နိုင်ငံအကြား မဟာဗျူဟာကျသည့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဆွေးနွေးမှုနှင့်ပတ်သက်၍ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့

Last Updated:

အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် (Indo-Pacific Economic Framework for Prosperity – IPEF)ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်စဉ်အတွင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo နှင့် ဩစတြေးလျ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး Mr. Don Farrell တို့သည် ၆-၆-၂၀၂၄ ရက်တွင် တွေ့ဆုံခဲ့ကြပြီး အမေရိကန်-ဩစတြေးလျ နှစ်နိုင်ငံအကြား မဟာဗျူဟာကျသည့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဆွေးနွေးမှု (Australia – United States Strategic Commercial Dialogue) ၏ တတိယအကြိမ်ဝန်ကြီးများ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် အမေရိကန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့အကြား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ ရည်မှန်းချက်များကို ဆွေးနွေးခဲ့ကြပြီး ပွင့်လင်းတည်ငြိမ်၍ တိုးတက်သော အင်ဒို-ပစိဖိတ်ဒေသဖြစ်ပေါ်လာရေး ပူးပေါင်းဆောင်ရွက်သွားရန် ကတိကဝတ်ပြုခဲ့ကြကြောင်း၊ အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်အောက်တွင် သန့်စင်သောစွမ်းအင်သုံးစီးပွားရေး (Clean Economy)နှင့် မျှတသောစီးပွားရေး (Fair Economy) ဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်းမှာ IPEF ပူးပေါင်းဆောင်ရွက်မှုအပေါ် အမေရိကန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့၏ ခိုင်မာသည့် ကတိကဝတ်ကို ပြသခြင်းဖြစ်ကြောင်း၊ IPEF Clean Economy Investor Forum အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကိုလည်း ဝန်ကြီးများက မှတ်သားခဲ့ကြကြောင်း၊ အမေရိကန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့အကြား ကာဗွန်ထုတ်လုပ်မှု လျှော့ချရေးနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်မှုများ၏ တိုးတက် ဖြစ်ပေါ်မှုများကို သုံးသပ်ခဲ့ကြကာ အမေရိကန်-ဩစတြေးလျနှစ်နိုင်ငံအကြား ရာသီဥတု၊ အရေးပါသည့် တွင်းထွက်ပစ္စည်းများ (Critical Minerals) နှင့် သန့်စင်သောစွမ်းအင်သို့ ကူးပြောင်းခြင်းဆိုင်ရာ ကဏ္ဍများတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ကတိကဝတ်ပြုခဲ့ကြကြောင်း၊ ထို့အပြင် ကုန်သွယ်ရေး၊ ကုန်သွယ်မှုကိုပုံပျက်စေသည့် ထောက်ပံ့မှုများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်နွှယ်လျက်ရှိသည့် အမျိုးသား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်နှင့် ရင်းနှီး မြှုပ်နှံမှုများကို စစ်ဆေးခြင်း၊ မျှတမှုမရှိသည့် ကုန်သွယ်မှုအလေ့အထများနှင့် မျှတမှုမရှိသည့် ပြိုင်ဆိုင်မှုများကိုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်းနှင့် နှစ်စဉ်ကျင်းပသည့် အမေရိကန်-ဩစတြေးလျ မဟာဗျူဟာကျသည့် ကုန်သွယ်ရေးထိန်းချုပ်မှုဆိုင်ရာ ဆွေးနွေးမှုသည် အရပ်ဘက်နှင့် စစ်ဘက်နှစ်မျိုးသုံး ပို့ကုန်များထိန်းချုပ်ရေးအတွက် ပွင့်လင်းမှုရှိပြီး အကျိုးဖြစ်ထွန်းမှုရှိသည့် ဆွေးနွေးမှုတစ်ရပ်အဖြစ် အသိအမှတ်ပြုလျက် ဆက်လက်အရေးပါလျက်ရှိသည်ဟု သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

 

Source:https://www.commerce.gov/news/press-releases/2024/06/joint-statement-australia-united-states-strategic-commercial-dialogue   

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News