International News

ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် EV ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်

Last Updated:

ထိုင်းနိုင်ငံအတွင်းသို့ စီးပွားရေးလုပ်ငန်းများချဲ့ထွင်လာသည့် တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး EV ကားရောင်းချသူဖြစ်သော EV ကား ပြုလုပ်သူ GAC Aion ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များတွင် လွယ်ကူချောမွေ့စေရန်နှင့် အထောက်အပံ့ပေးနိုင်ရန် ထိုင်းနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က အစိုးရ  အပါအဝင် ပုဂ္ဂလိကအဖွဲ့အစည်း (၇) ဖွဲ့တို့နှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

GAC Aion သည် ထိုင်းနိုင်ငံဈေးကွက်အတွင်းသို့ ဝင်ရောက်သွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဘတ် ၆ ဘီလီကျော်ကို ထုတ်လုပ်မှုနှင့် အရောင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသွားရန် ကြေညာထားပြီးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၊ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် GAC Aion တို့ ဇူလိုင်လ ၆ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအတွက် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် လွယ်ကူချောမွေ့စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ပူးပေါင်းဆောင်ရွက်သွားမည့် အဖွဲ့အစည်း ၇ ခုမှာ အခွန်ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စက်မှုဆိုင်ရာစီးပွားရေးရုံး၊ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှုဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊ စက်မှုအိမ်ခြံမြေအာဏာပိုင်နှင့် Thai Subcontracting Promotion Association တို့ဖြစ်ကြောင်း သိရှိ ရပါသည်။

ရင်းနှီးမြှုပ်နှံသူများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးနိုင်သည့် ပုံစံမျိုး သတင်းအချက်အလက်များမျှဝေပေးရန်နှင့် ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်လာစေရေးအတွက် အကူအညီပေးရန် စသည်တို့အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့ အစည်းများအကြား ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ Mr. Narit Therdsteerasukdi က ပြောကြားပါသည်။

ထိုင်းနိုင်ငံကို EV နှင့် EV အစိတ်အပိုင်းများ ထုတ်လုပ်သည့် နေရာအဖြစ် ထိုင်းနိုင်ငံအစိုးရက မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က ယင်းကဏ္ဍအတွက် အရောင်းမြှင့်တင်မှုများ ပေးသကဲ့သို့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အခွန်နှင့်အကောက်ခွန်ဦးစီးဌာနတို့မှ ပြည်တွင်း EV ဈေးကွက် မြှင့်တင်ရန် မက်လုံးပေးအစီအစဉ်များ ပေးအပ်ထားကြောင်း သိရှိရပါသည်။

 GAC Aion သည် ၁,၀၀၀ ကီလိုမီတာ အကွာအဝေးထိ မောင်းနှင်နိုင်သော Smart ဘတ္တရီစနစ် ပါဝင်သည့် Intelligent Connected Vehicles –ICV platform ကို ထုတ်လုပ်နေကြောင်း သိရှိရပါသည်။

 

Source:www.bangkok post. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News