International News

၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွက် အမေရိကန်နိုင်ငံ၏ နိုင်ငံတကာကုန်စည်နှင့်ဝန်ဆောင်မှု ကုန်သွယ်ရေး အချက်အလက်များ ထုတ်ပြန်

Last Updated:

အမေရိကန်နိုင်ငံ၏ နိုင်ငံတကာ ကုန်စည်နှင့်ဝန်ဆောင်မှုကုန်သွယ်ရေး အချက်အလက်များကို ၅-၁၀-၂၀၂၃ ရက်နေ့ စီးပွားရေးလေ့လာဆန်းစစ်မှုဗျူရို (Bureau of Economic Analysis) ၏ ဝက်ဘ်ဆိုက်တွင် “U.S International Trade in Goods and Services, August 2023” ခေါင်းစဉ်ဖြင့် ထုတ်ပြန် ဖော်ပြထားရှိပါသည်။

အဆိုပါထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း အမေရိကန်နိုင်ငံ၏ ကုန်စည်နှင့် ဝန်ဆောင်မှုကုန်သွယ်မှုလိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ (၅၈.၃) ဘီလီယံရှိပြီး ဇွန်လတွင်ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ(၆၄.၇)ဘီလီယံ ရှိသဖြင့် (ဩဂုတ်လထုတ်ပြန်ချက်အရ ဇူလိုင်လ ၏ ကုန်သွယ်မှုလိုငွေ (၆၃.၇) ဘီလီယံရှိသည်ဟု ထုတ်ပြန်ခဲ့သော်လည်း ပြင်ဆင်ပြီးအမှန်ပမာဏမှာ အမေရိကန် ဒေါ်လာ(၆၄.၇)ဘီလီယံဖြစ်ပါသည်။) ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက ဩဂုတ်လတွင် ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ(၆.၄) ဘီလီယံအထိ လျော့ကျခဲ့ပါကြောင်း၊ ဩဂုတ်လအတွင်း အမေရိကန်နိုင်ငံ၏ ပို့ကုန်တင်ပို့မှု ပမာဏမှာ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၅၆.၀) ဘီလီယံနှင့် သွင်းကုန်တန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ (၃၁၄.၃) ဘီလီယံရှိသဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (၅၈.၃) ဘီလီယံ ရှိပါသည်။

အမေရိကန်နိုင်ငံ၏ ဩဂုတ်လအတွင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂၅၆.၀) ဘီလီယံရှိပြီး ဇူလိုင်လပို့ကုန်တန်ဖိုးထက်အမေရိကန်ဒေါ်လာ (၄.၁) ဘီလီယံပို၍တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၃၁၄.၃)ဘီလီယံရှိသဖြင့် ဇူလိုင်လ၏သွင်းကုန်တန်ဖိုးထက် အမေရိကန်ဒေါ်လာ (၂.၃) ဘီလီယံ လျော့နည်းတင်သွင်းခဲ့ပါသည်။ ဩဂုတ်လအတွင်း ကုန်စည်နှင့်ဝန်ဆောင်မှု ကုန်သွယ်မှုလိုငွေနှင့်ပတ်သက်၍ ကုန်စည်ကုန်သွယ်မှုကဏ္ဍတွင်လိုငွေ အမေရိကန်ဒေါ်လာ (၅.၅) ဘီလီယံ မှ (၈၄.၅) ဘီလီယံအထိ တိုးလာခဲ့သော်လည်း ဝန်ဆောင်မှုကဏ္ဍတွင်ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၁) ဘီလီယံမှ (၂၆.၂) ဘီလီယံအထိရှိခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဩဂုတ်လအထိ ကုန်စည်နှင့် ဝန်ဆောင်မှုကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ (၁၃၇.၆) ဘီလီယံ (သို့မဟုတ်) (၂၀.၇) ရာခိုင်နှုန်း လျော့ကျခဲ့ပြီး အမေရိကန်၏ပို့ကုန် (၁.၁) ရာခိုင်နှုန်း တိုးလာခဲ့ကာ သွင်းကုန်(၄.၃) ရာခိုင်နှုန်းအထိ လျှော့ကျသွားခဲ့ကြောင်း တွေ့ရှိရပါသည်။

ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လကုန်သွယ်မှုစာရင်းများအရ အမေရိကန်နိုင်ငံ၏ ပြည်ပ ကုန်သွယ်ရေးကဏ္ဍတွင် ကုန်သွယ်မှုပိုငွေပြခဲ့သည့်နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

စဉ်

နိုင်ငံ/ ဒေသအမည်

ပမာဏ (အမေရိကန်ဒေါ်လာ ဘီလီယံဖြင့်)

(က)

တောင်နှင့်အလယ်ပိုင်းအမေရိက နိုင်ငံများ

၄.၇

(ခ)

နယ်သာလန်

၃.၀

(ဂ)

ဟောင်ကောင်

၂.၀

(ဃ)

ဩစတြေးလျ

၁.၇

(င)

ဘယ်လ်ဂျီယံ

၀.၇

(စ)

ဗြိတိန်

၀.၄

(ဆ)

ဘရာဇီးလ်

၀.၄

၂၀၂၃ ခုနှစ်၊ ဩဂုတ်လကုန်သွယ်မှုစာရင်းများအရ အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေ ပြခဲ့သည့် နိုင်ငံများမှာ တစ်ဖက်ပါအတိုင်းဖြစ်ပါသည် -

စဉ်

နိုင်ငံ/ ဒေသအမည်

ပမာဏ (အမေရိကန်ဒေါ်လာ ဘီလီယံဖြင့်)

(က)

တရုတ်

၂၂.၇

(ခ)

ဥရောပသမဂ္ဂ

၁၇.၈

(ဂ)

မက္ကဆီကို

၁၂.၈

(ဃ)

ဗီယက်နမ်

၈.၀

(င)

ဂျာမနီ

၆.၆

(စ)

အိုင်ယာလန်

၅.၇

(ဆ)

ကနေဒါ

၅.၄

(ဇ)

ဂျပန်

၅.၀

(ဈ)

ထိုင်ဝမ်

၄.၂

(ည)

တောင်ကိုရီးယား

၄.၁

(ဋ)

အီတလီ

၃.၃

(ဌ)

အိန္ဒိယ

၂.၈

(ဍ)

ပြင်သစ်

၂.၃

(ဎ)

မလေးရှား

၁.၆

(ဏ)

ဆွစ်ဇာလန်

၁.၅

(တ)

စင်ကာပူ

၁.၀

(ထ)

အစ္စရေး

၀.၆

(ထ)

ဆော်ဒီအာရေဗျ

၀.၁

၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ကုန်စည်နှင့်ဝန်ဆောင်မှု ပို့ကုန်များတွင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ (Industrial Supplies and materials)ကဏ္ဍ၌ အမေရိကန်ဒေါ်လာ (၂.၇) ဘီလီယံ၊ လူသုံးကုန်ပစ္စည်းများ (Consumer goods)ကဏ္ဍ၌ အမေရိကန်ဒေါ်လာ (၁.၀) ဘီလီယံခန့်နှင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ (Capital goods)ကဏ္ဍ၌ အမေရိကန်ဒေါ်လာ (၁.၁) ဘီလီယံ၊ ဝန်ဆောင်မှုကုန်သွယ်ရေးဖြစ်သည့် ခရီးသွားလာရေး (Travel)လုပ်ငန်းများ၌ အမေရိကန်ဒေါ်လာ (၀.၈) ဘီလီယံနှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍ (Financial Services)၌ အမေရိကန်ဒေါ်လာ (၀.၂) ဘီလီယံ အသီးသီးတိုးလာခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်းကုန်စည်နှင့်ဝန်ဆောင်မှုသွင်းကုန်များတွင် လူသုံးကုန် ပစ္စည်းများ (Consumer goods) ကဏ္ဍ၌ အမေရိကန်ဒေါ်လာ (၁.၉) ဘီလီယံ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ(Capital goods)ကဏ္ဍ၌ အမေရိကန်ဒေါ်လာ(၁.၈) ဘီလီယံလျော့ကျခဲ့ပြီး  လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ (Industrial Supplies and materials) ကဏ္ဍတွင် အမေရိကန်ဒေါ်လာ (၂.၇) ဘီလီယံအထိ သွင်းကုန်တန်ဖိုးကျဆင်းခဲ့ကာ ဝန်ဆောင်မှုကုန်သွယ်ရေးဖြစ်သည့် ခရီးသွားလာရေး (Travel) ကဏ္ဍတွင် အမေရိကန်ဒေါ်လာ(၀.၂) ဘီလီယံတိုးလာခဲ့သော်လည်း ပို့ဆောင်ရေးကဏ္ဍ (Transport)တို့၌ အမေရိကန်ဒေါ်လာ (၀.၃) ဘီလီယံအထိ ကျဆင်းခဲ့ပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News