Local News

ရှမ်းပြည်နယ်မှထွက်ရှိသော ထောပတ်သီးများ ထိုင်းနိုင်ငံသို့ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့်ပတ်သက်သည့် အစည်းအဝေးပြုလုပ်ခြင်း

Last Updated:

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ရှမ်းပြည်နယ်မှ ထွက်ရှိသောထောပတ်သီးများ ထိုင်းနိုင်ငံသို့ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့်ပတ်သက် သည့် အစည်းအဝေးကို (Virtual System)ဖြင့်(၁၁-၁၀-၂၀၂၃) ရက်နေ့၊ နေ့လည် (၁၂:၃၀)နာရီအချိန်တွင် မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရုံးအမှတ်(၃)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းကုန်သွယ်မှုဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ တာချီလိတ်ကုန်သွယ်ရေးစခန်းတာဝန်ခံ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ တောင်ကြီးမြို့၊ တာဝန်ခံ၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ပြည်တွင်းကုန်သွယ်မှုဌာနခွဲမှ တာဝန်ရှိသူ(၈)ဦး၊ တောင်ကြီးမြို့နှင့် တာချီလိတ်မြို့တို့မှ ထောပတ်သီးစိုက် ပျိုးသူတောင်သူများ၊ ပွဲရုံလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ(၃၀)ဦး၊ စုစုပေါင်း(၄၃)ဦးတက်ရောက် ခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်မှ ထွက်ရှိသော ထောပတ်သီးများ ထိုင်းနိုင်ငံသို့ တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်ပို့မှုအတွက်ကုန်သွယ်မှုနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ၊ အခက်အခဲများ၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့် နှစ်နိုင်ငံ MoU ရေးထိုးနိုင်ရေး ဆောင်ရွက်ထားသည့်အခြေအနေများအား သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းဆွေးနွေးပေးခဲ့ ပါသည်။ အစည်းအဝေးတက်ရောက်လာသူများမှ သိရှိလိုသည်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးကို (၁၃:၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

Category: Local News