International News

အမေရိကန်၏ ၂၀၁၇ ခုနှစ်၊ အခွန်ဥပဒေပါပြဋ္ဌာန်းချက်ပြောင်းလဲရန် ပါတီနှစ်ခု၏ ထောက်ခံမှု လုံလောက်မှုမရှိ

Last Updated:

အမေရိကန်၏ ၂၀၁၇ ခုနှစ် အခွန်ဥပဒေပါ ပြဋ္ဌာန်းချက်မျာကို ပါတီနှစ်ထောက်ခံရုံဖြင့် လုံလောက်မှုမရှိကြောင်းကို ၁၁-၉-၂၀၂၃ ရက်တွင် World Street Journal အွန်လိုင်းသတင်းတွင် “Why Bipartisan Support Isn’t Enough to Change This Tax Provision” ခေါင်းစဉ်ဖြင့် ဖော်ပြထားရှိပါသည်။  

ရီပတ်ဘလီကန်ပါတီနှင့် ဒီမိုကရက်ပါတီတို့မှ လွှတ်တော်အမတ်များသည် ကွန်ဂရက်အနေဖြင့် ၂၀၁၇ ခုနှစ်၊ အခွန်ဥပဒေပါ  Start-up များနှင့် စစ်ဘက်ဆိုင်ရာသုတေသန လုပ်ငန်းများအပေါ် အခွန်များစွာ ပေးဆောင်စေမည့်ပုဒ်မတစ်ခုအား ချန်ထားသင့်သည်ဟုသဘောတူခဲ့ကြကြောင်း၊ ပါတီနှစ်ခုမှ လွှတ်တော်အမတ်များသည် ယခင်နှစ်က အဆိုပါပုဒ်မအား ပြင်ဆင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် အခွန်ဥပဒေတွင် သုတေသနအတွက် ကုန်ကျစရိတ်ကို တစ်ကြိမ်တည်းချက်ချင်းထုတ်ယူခွင့်မပြုဘဲ (၅)နှစ် သို့မဟုတ် (၁၅)နှစ်အတွင်း ခွဲဝေထုတ်ပေးခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် အခွန်ပေးဆောင်ရမည့်အချိန် နီးကပ်လာသည်နှင့် အမျှစိုးရိမ်ပူပန်လာကြပါကြောင်း၊ သုတေသနနှင့် ပတ်သက်သော ပြဋ္ဌာန်းချက်အသစ်ကို ၂၀၂၂ ခု အခွန်စည်းကြပ်နှစ်တွင်စတင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းအချို့က အခွန်အများအပြား ပေးဆောင်ခဲ့ကြပြီးဖြစ်သော်လည်း အချို့မှာ ကွန်ဂရက်၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းလျက်ရှိပါကြောင်း၊ ကုမ္ပဏီကြီးများ ဖြစ်သည့် Boeing နှင့် Cisco တို့က ကွန်ဂရက်အား  ဥပဒေအဟောင်းကိုသာ ပြန်လည်ထားရှိရန် တောင်းဆိုခဲ့ကြပါကြောင်း၊ ဥပဒေအသစ်ပါပြဋ္ဌာန်းချက်များမှာ ကုမ္ပဏီအချို့ အထူးသဖြင့် အစိုးရ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ကြသည့် အသေးစားကုမ္ပဏီများ၏ ငွေကြေးစီးဆင်းမှုကို သိသာစွာထိခိုက်မှု ရှိပါကြောင်း၊ အခွန်ပေးဆောင်ရန်အတွက်လည်း ချေးငွေအလွယ်တကူ မရနိုင်ကြောင်း ဖော်ပြထား ပါသည်။

ရီပတ်ဘလီကန်ပါတီမှ အမတ်များထိန်းချုပ်သည့် Ways and Means Committee က သုတေသနအတွက် အခွန်ပြန်အမ်းငွေကို သုံးကြိမ်ခွဲ၍ ထုတ်ရန်ယူရန် အတည်ပြုခဲ့ပြီး ယင်းပြဋ္ဌာန်းချက်သည် စီးပွားရေးလုပ်ငန်းများအား ပြန်လည်ရှင်သန်စေကာ တစ်ဦးချင်းထံမှ စံသတ်မှတ်သည့် အခွန်နုတ်ငွေကို ချဲ့ထွင်ရန်ဖြစ်ပါကြောင်း၊ လွှတ်တော်အနေဖြင့် ဆုံးဖြတ်ချက်တစ်ရပ်မြန်မြန်ချမှတ်ကာ အခွန်မပေးဆောင်သေးသည့် စီးပွားရေးလုပ်ငန်းများအား ပြစ်ဒဏ်သတ်မှတ်ခြင်း (သို့မဟုတ်) အတိုးပေးဆောင်စေခြင်းတို့ကို အလျင်အမြန်ဆောင်ရွက်သင့်ပါကြောင်း ဖော်ပြထားပါသည်။

 

 

 

 

 

Source:https://www.wsj.com/politics/why-bipartisan-support-isnt-enough-to-change-this-tax-provision-a5ef8985?mod=economy _lead_story

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

 

Category: International News