International News

ထိုင်းနိုင်ငံ၌ လျှပ်စစ်မော်တော်ယာဉ် (Electric Vehicle-EV) နှင့် စွန့်ပစ်ပစ္စည်းမှစွမ်းအင် ထုတ်လုပ် သည့် စက်ရုံများအပါအဝင် စီမံကိန်း ၆ ခုအတွက် ဘတ် ၄၁ ဘီလီယံ ရင်းနှီးမြှုပ်နှံ

Last Updated:

ထိုင်းနိုင်ငံ၌ လျှပ်စစ်မော်တော်ယာဉ် (Electric Vehicle-EV) နှင့် စွန့်ပစ်အမှိုက်မှ စွမ်းအင်ထုတ် လုပ်သည့် စက်ရုံအပါအဝင် စီမံကိန်း ၆ ခုအတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၄၁ ဘီလီယံကို ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က ခွင့်ပြုပေးခဲ့ပါကြောင်း၊ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုအပေါ် ပေးအပ်ထားသည့် မက်လုံးများကြောင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ခြင်းဖြစ်ကြောင်း ဘုတ်အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သူ Mr. Narit Therdsteerasukdi က ပြောကြားခဲ့ပါသည်။

စီမံကိန်း ၆ ခုတွင် တရုတ် EV ထုတ်လုပ်သူ Changan Automobile ၏ EV စက်ရုံတည်ထောင်မည့် စီမံကိန်းဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၈.၈၆ ဘီလီယံဖြစ်ပါကြောင်း၊ ယင်းစက်ရုံမှ နှစ်စဉ် EV ဘတ္တရီ ၅၈,၀၀၀ လုံးနှင့် ပလပ်ထိုး Hybrid EV ၃၆,၅၀၀ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအစိုးရက ကာဗွန်ထုတ်လွှတ်မှုလျှော့ချပေးနိုင်သည့် ရွေ့လျားလျှပ်စစ်ပုံစံဖြစ်သည့် EV နယ် ပယ်ကို ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ တစ်ချိန်တည်းမှာပဲ နိုင်ငံ၏စီးပွားရေးကို မောင်းနှင်ရာတွင် အရေးကြီးသောအတွင်းလောင်ကျွမ်းအင်ဂျင် (Internal Combustion Engine-ICE) လုပ်ငန်းများကိုလည်း ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

အတွင်းလောင်ကျွမ်းအင်ဂျင် (Internal Combustion Engine-ICE) ကဏ္ဍသည် အာရှနှင့် ကမ္ဘာတွင် ထိုင်းနိုင်ငံကို မော်တော်ယာဉ်ထုတ်လုပ်ရာ ဗဟိုချက်ဖြစ်စေပါကြောင်း၊ EV သည် ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းသစ်ဖြစ်ကြောင်း၊ နယ်ပယ် ၂ ခုလုံးမှာ အရေးပါပါကြောင်း၊ ဗန်ကောက် Nong Khaem နှင့် On Nut တို့ရှိ အမှိုက်စွန့်ပစ်ရာနေရာများမှ  ၃၅ မီဂါဝဒ်ထွက်ရှိသော စွန့်ပစ်အမှိုက်မှစွမ်းအင် ထုတ် လွှတ်မည့် စက်ရုံများသည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၄.၈၉ ဘီလီယံ အသီးသီးဖြစ်ပြီး  C&G Enviro-nmental Protection (Thailand) Co နှင့် New Sky Energy (Thailand) Co တို့မှ ဆောက်လုပ်သွား မည်ဖြစ်ကြောင်း Mr. Narit က ဖြည့်စွက်ဆွေးနွေးပါသည်။

True Internet Data Center Co ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၃.၅၉ ဘီလီယံဖြင့် ဆောက်လုပ်မည့် အချက်အလက်သိုမှီးရာစင်တာ (Data Center) ၊ Songcheng Holding (Thailand) Co. ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၉.၅၄ ဘီလီယံဖြင့် ဆောက်လုပ်မည့် ခရီးသွားအခြေခံ အဆောက် အအုံနှင့် ထိုင်းလေကြောင်းလိုင်း၏ ခရီးသည်ထိုင်ခုံ ၁,၆၇၀ ဝင်ဆံ့သော ခရီးသည်လေယာဉ် ဝယ်ယူမှု အတွက် ဘတ် ၉.၃၁ ဘီလီယံ တို့ကို ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

 

 

 

Source: www.bangkokpost. gov

(စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Category: International News