Local News

မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှု ငါးကြိတ်သား တစ်တန်လျှင် (၁၈၅၅) ဒေါ်လာနှုန်းဖြင့် (၁၄.၄) တန်အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်Form D အကျိုးခံစား ခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့သည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီ တစ်တန်လျှင် (၉၉၉) ဒေါ်လာနှုန်းဖြင့် (၁၄၀၂) တန် တင်သွင်းခဲ့သည်။

မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၃၀၀၀) ကျပ်နှင့် ဒီဇယ်တစ်လီတာ(၃၀၄၅)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

ဒေသငွေလဲနှုန်းအနေဖြင့် ကျပ်/ဘတ်ငွေလဲနှုန်းမှာ(၁) ဘတ်လျှင် (၉၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News