International News

ထိုင်းနှင့် ဥရောပသမဂ္ဂလွတ်လပ်သောကုန်သွယ်ရေးအဖွဲ့ (Efta) တို့အကြား လွတ်လပ်သောကုန် သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုများကို အော်စလိုတွင် ဆွေးနွေးသွားမည်ဖြစ်

Last Updated:

ထိုင်းနိုင်ငံနှင့် ဥရောပသမဂ္ဂလွတ်လပ်သောကုန်သွယ်ရေးအဖွဲ့ (Efta) တို့အကြား ဆွေးနွေးလျက်ရှိသော လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်ဆိုင်ရာ ဆွေးနွေးမှုများကို နောင်နှစ် ပထမလပတ်အတွင်း အပြီးသတ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေး ညှိနှိုင်းမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Auramon Supthaweethum က ပြောကြားခဲ့ပါသည်။

နော်ဝေနိုင်ငံ၊ အော်စလိုတွင် အင်္ဂါနေ့မှ သောကြာနေ့အထိ ကျင်းပမည့် ထိုင်း- ဥရောပသမဂ္ဂ လွတ်လပ်သော ကုန်သွယ်ရေးအဖွဲ့ (Efta) တို့အကြား ပဥ္စမအကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲသို့ ထိုင်းကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြမည်ဖြစ်ပါကြောင်း၊  အဆိုပါဆွေးနွေးပွဲတွင် အရေးကြီးသော  ကိစ္စရပ်များကို နှစ်ဖက်အဖွဲ့များမှ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမလပတ်အတွင်း ရလဒ်ရရှိနိုင်ရေး စိတ်အားထက်သန်နေကြပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါသည်။

၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ထိုင်းနှင့် Efta အကြား ကုန်သွယ်မှုသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၉.၈၅ ဘီလီယံ ရှိခဲ့ပါကြောင်း၊ ယခင်နှစ်က ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၁.၅ ဘီလီယံဖြင့် ထိုင်းနိုင်ငံ၏ အဆင့် ၁၄ ရှိသော ကုန်သွယ်ဖက်ဖြစ်ခဲ့ပါကြောင်း၊ ယခုနှစ် ပထမ ၄ လအတွင်း ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃.၀၄ ဘီလီယံ ရှိပါကြောင်း ကုန်သွယ်မှုအခြေအနေကို ရှင်းလင်းပြောကြားပါသည်။

ထိုင်းနိုင်ငံ၏ အဓိက ပို့ကုန်များမှာ ကျောက်မျက်ရတနာများ၊ နာရီများနှင့် အစိတ်အပိုင်းများ၊ လေအေးပေးစက်များနှင့် အစိတ်အပိုင်းများ၊ ခရီးသွားပစ္စည်းများ၊ မိုဘိုင်းဖုန်းများ၊ ပြုပြင်ပြီး ပင်လယ်စာများ၊ လျှပ်စစ်ပစ္စည်းများ၊ ပလတ်စတစ်ပစ္စည်းများ၊ ကွန်ပျူတာများနှင့် အစိတ်အပိုင်းများ၊ အလှကုန်ပစ္စည်းများ၊ ဆပ်ပြာနှင့် အရေပြားထိန်းသိမ်းသည့် ထုတ်ကုန်များ တို့ဖြစ်ပါကြောင်း၊ သွင်းကုန်များမှာ တန်ဖိုးမြင့် လက်ဝတ်ရတနာများ၊ ရွှေချောင်းများ၊ လက်ပတ်နာရီများနှင့် အစိတ်အပိုင်းများ၊ တိရိစ္ဆာန်အသားများ၊ ဆေးဝါးများနှင့် ဆေးပစ္စည်းများ၊ ဓာတ်မြေ ဩဇာများ၊ ပိုးမွှားသန့်စင်ဆေးများ၊ သိပ္ပံဆိုင်ရာ ပစ္စည်းကိရိယာများနှင့် လျှပ်စစ်ပစ္စည်းများဖြစ်ကြောင်း ပို့ကုန်သွင်းကုန်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းပါသည်။                       

 

 

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Source: www.bangkokpost.gov   

Category: International News