International News

ထိုင်းနိုင်ငံ၏ ပို့ကုန်သည် လာမည့်နှစ်အတွင်း ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း The University of Thai Chamber of Commerce (UTCC) က ခန့်မှန်းထား

Last Updated:

ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ၂၀၂၄ ခုနှစ်အတွင်း ပြန်လည်တိုးတက်လာနိုင်ကြောင်း၊ နိုင်ငံအများ အပြားတွင် ငွေကြေးဖောင်းပွမှုသက်သာလာခြင်းနှင့် အတိုးနှုန်းနိမ့်ဆင်းလာခြင်းတို့ကြောင့် ကုန်စည် များအပေါ် ဝယ်လိုအား မြင့်တက်လာနိုင်ကြောင်း၊ ထိုင်းနိုင်ငံ အစိုးရအဖွဲ့အစည်းများကလည်း ပို့ကုန် များကို ဈေးကွက်အများအပြားသို့ တင်ပို့နိုင်ရေးအတွက် Soft power ကို မြှင့်တင်ခြင်း၊ နယ်စပ်ကုန် သွယ်ရေး အတားအဆီးများကို ဖြေရှင်းဆောင်ရွက်ခြင်းနှင့် လွတ်လပ်သော ကုန်သွယ်မှု စာချုပ်များကို ပိုမိုအသုံးပြုခြင်းတို့အပါအဝင် မူဝါဒများရေးဆွဲထုတ်ပြန်သွားရန် စီစဉ်ဆောင်ရွက်နေကြောင်း The University of Thai Chamber of Commerce (UTCC) ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Thanavath Phonvichai က ပြောကြားခဲ့ပါသည်။

ထိုင်းပို့ကုန်သည် ယခုနှစ် စတုတ္ထ ၄ လပတ်တွင် ပြန်လည်ကောင်းမွန်လာပါကြောင်း၊ ပို့ကုန်သည် ၂၀၂၄ တွင် ထိုင်းနိုင်ငံ၏ စီးပွားရေးကို သိသိသာသာတိုးမြှင့်စေမည်ဖြစ်ကြောင်း၊ ပို့ကုန် ကဏ္ဍ သည် ခန့်မှန်းထားသကဲ့သို့ တိုးတက်မည်ဆိုပါက ၂၀၂၄ ခုနှစ်တွင် ဘတ် ၃၀၀ ဘီလီယံထိရောက်ရှိ နိုင်ကြောင်း၊ ဒီဂျစ်တယ် ပိုက်ဆံအိတ် (Digital Wallet) အစီအစဉ်သည်လည်း စီးပွားရေးကို ၄.၅-၅ ရာခိုင်နှုန်းထိ မြှင့်တင်ပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါသည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (Organization for Economic Cooperation and Development –OECD) တို့က ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးသည် ၂.၉ ရာခိုင်နှုန်းနှင့် ၂.၉ ရာခိုင် နှုန်း ကျဆင်းမည်ဟု အသီးသီး ခန့်မှန်းထားပါကြောင်း၊ အမေရိကန်၏ စီးပွားရေးသည် အတိုးနှုန်း မြင့် မားခြင်းနှင့် အလုပ်လက်မဲ့ဦးရေမြင့်တက်လာခြင်းကြောင့်အကန့်အသတ်ရှိနေဆဲဖြစ်ကြောင်း၊ တရုတ်တွင်လည်း အိမ်ခြံမြေပြဿနာများ၊ စားသုံးသူဝယ်ယူမှုကျဆင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ပုဂ္ဂလိကကဏ္ဍယုံကြည်မှု ကျဆင်းခြင်းတို့ကြောင့် စိန်ခေါ်မှုများရှိနေပါကြောင်း Mr. Thanavath က ဆက်လက်ပြောကြားပါသည်။

ခရီးသွားကဏ္ဍမှ ဝင်ငွေ မြင့်မားလာနိုင်ပြီး ဘတ်ငွေခိုင်မာလာမည်ဟု မျှော်လင့်ရပါကြောင်း၊ အစ္စရေး-ဟားမတ်စ် ပဋိပက္ခသည် ထိုင်းပို့ကုန်အပေါ် သက်ရောက်မှုသည် အကန့်အသတ်ရှိပါကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခ၊ အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးတင်းမာမှုနှင့် နည်းပညာဆိုင်ရာ အား ပြိုင်မှုတို့ကိုလည်း စောင့်ကြည့်ရန် အကြံပြုလိုပါကြောင်း၊ အစ္စရေး-ဟားမတ်စ်ပဋိပက္ခကြောင့် သက် ရောက်လာနိုင်သည့် အရှေ့အလယ်ပိုင်းနှင့် ထိုင်းနိုင်ငံတို့အကြား ပို့ကုန်ကဏ္ဍကို လေ့လာသုံးသပ်နေ ပါကြောင်း Mr. Thanavath က အကြံပြုပြောကြားခဲ့ပါသည်။

 

 

 

Source: www.bangkokpost. gov၊

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News