Local News

ဘိုကလေးမြို့နယ်တွင် ကွမ်းသီးအနုအလုံး ၁၀၀၀ လျှင် ငွေကျပ် ၅၅၀၀၀ ထိ ဈေးကောင်းရရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်တွင် ကွမ်းသီးအနုအလုံး ၁၀၀၀ လျှင် ငွေကျပ် ၅၅၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း ဘိုကလေးမြို့နယ် ကွမ်းသီးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်မော်က ပြောပြ၍ သိရသည်။

ဘိုကလေးမြို့နယ်၌ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ကွမ်းသီးအနုအလုံး ၁၀၀၀ လျှင် ငွေကျပ် ၃၈၀၀၀ ထိသာ ဈေးရှိခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှ ယနေ့(အောက်တိုဘာလ ၁၈)ရက်နေ့ထိ ကွမ်းသီးအနုအလုံး ၁၀၀၀ လျှင် ငွေကျပ် ၅၅၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း၊ အဆိုပါ ကွမ်းသီးအနုများ ဈေးကောင်းရရှိနေခြင်းသည် ပြည်ပဈေးကွက်မှ ကွမ်းသီးအနုများဝယ်ယူမှု ကောင်းနေသောကြောင့်ဖြစ်သည်။

“ပြည်ပဈေးကွက်က အမှာကုန်များလာလို့ အများအပြား တင်ပို့နေရတာကြောင့် ဈေးကောင်းရရှိနေတာပါ။ လက်ရှိကွမ်းသီးအနုအလုံး ၁၀၀၀ ကို ငွေကျပ် ၅၅၀၀၀ ထိ ဈေးကောင်းလာပါတယ်။ ရန်ကုန်ဈေးကွက်ကလဲ ကွမ်းသီးအနုတွေ ဝယ်ယူမှုကောင်းနေလို့ ဈေးကောင်းရနေတာပါ။ ရန်ကုန်ကနေတစ်ဆင့် တရုတ်နိုင်ငံကို အဓိကတင်ပို့ရောင်းချနေတာပါ။ ဈေးကောင်းကလဲရ ဝယ်ယူမှုကလဲကောင်းတော့ ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေ အဆင်ပြေလာတာတွေ့ရတယ်။ ပြီးခဲ့တဲ့လတွေက ကွမ်းသီးအနုဈေးက အလုံး ၁၀၀၀ ကို အမြင့်ဆုံးဈေးက အလုံး ၁၀၀၀ ကို အမြင့်ဆုံးဈေး ငွေကျပ် ၃၈၀၀၀ ထိပဲ ဈေးရရှိခဲ့တာဖြစ်ပါတယ်” ဟု ဘိုကလေးမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်မော်က ပြောပြသည်။

ဘိုကလေးမြို့နယ်မှ ထွက်ရှိသည့် ကွမ်းသီးအနုများကို ကုန်သည်များက ကွမ်းသီးခြံများသို့ သွားရောက်ဝယ်ယူကာ စနစ်တကျရွေးချယ်ထုပ်ပိုးပြီး ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပဈေးကွက်သို့တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခင်က ကွမ်းသီး အစိမ်း၊ အမှည့် ဈေးကွက်နှစ်မျိုးသာရှိပြီး ယခုအခါရင့်မှည့်ချိန်ထိ စောင့်ရောင်းရန်မလိုဘဲ ကွမ်းသီးအနုသီးများပါ ဝယ်ယူလာခြင်းကြောင့် ကွမ်းသီးစိုက်ပျိုးသူများ အဆင်ပြေနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News