International News

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် နှစ်သစ်ကူးကာလအတွင်း ခရီးသွားလုပ်ငန်းမှ ၀င်ငွေ ဒေါ်လာ ၂၆၇ သန်း ရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းမြို့ဖြစ်သည့် ဟိုချီမင်းမြို့သည် မကြာသေးမီက ခုနစ်ရက်ကြာ ကျင်းပခဲ့သည့်နှစ်သစ်ကူး အားလပ်ရက်အတွင်း နိုင်ငံခြားဧည့်သည် ၇၅,၀၀၀ ကို ကြိုဆိုခဲ့ကြောင်း၊ နှစ်သစ်ကူးပွဲတော် (တက်) အားလပ်ရက် ဇန်နဝါရီလ ၈ ရက်မှ ၁၄ ရက် အတွင်း ခရီးသွားလုပ်ငန်းမှ ၀င်ငွေ ဗီယက်နမ်ဒေါင် ၆.၅၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၆၇ သန်း) စံချိန်တင်ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄ ရာခိုင်နှုန်း တိုးလာကြောင်း ဗီယက်နမ်ခရီးသွားဌာန အဆိုအရ သိရှိရပါသည်။

ကမ္ဘာ့လှည့်ခရီးသွား ၇၅,၀၀၀ ကို နှစ်သစ်ကူးချိန်အတွင်း ကြိုဆိုခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ လာရောက်လည်ပတ်သူအများစုမှာ ဥရောပ၊ အမေရိကန်၊ သြစတြေးလျနဲ့ ဂျပန်တို့ဖြစ်ကြောင်း သိရှိရပါသည်။

နဂါးနှစ်သစ်ကို ကြိုဆိုရန် မြို့တော်၏ လှုပ်ရှားမှုများ တိုးလာရခြင်းနှင့် ၎င်း၏ ခရီးသွားလုပ်ငန်း အရည်အသွေးမြှင့်တင်ရန် ကြိုးပမ်းမှုများကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ တောင်ပိုင်းမြို့တွင် နိုင်ငံတကာခရီးသွားဧည့်သည် ၆ သန်းနှင့် ပြည်တွင်းခရီးသွား ၃၈ သန်းကို ကြိုဆိုရန် ရည်မှန်းထားရှိပြီး စုစုပေါင်း ခရီးသွားလုပ်ငန်းမှ ၀င်ငွေသည် ဗီယက်နမ်ဒေါင် ၁၉၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇.၇၅ ဘီလီယံ) ရှိမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

 

 

Source : VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News