International News

ဗီယက်နမ်နိုင်ငံ Tan Son Nhat အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ယနေ့ထိ ခရီးသည် အသွားအလာ ထူထပ်နေဆဲ

Last Updated:

ဗီယက်နမ်နိုင်ငံ နှစ်သစ်ကူးပွဲတော် ရှစ်ရက်မြောက်နေ့အထိ မြောက်ပိုင်းနှင့် အလယ်ပိုင်းပြည်နယ်များမှ ခရီးသည်အများအပြားသည် Tan Son Nhat တန်ဆွန်ယက် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိနေကြဆဲဖြစ်ကြောင်း၊ လေဆိပ်တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ခရီးစဉ် ၉၆၉ ခုကို ပြေးဆွဲသွားရန် ခန့်မှန်းထားပြီး ၎င်းတို့အနက်မှ ခရီးသည်ခရီးစဉ် ၈၆၀ ခုရှိပြီး၊ Ferry Flight ၁၀၀ စီးနှင့် ကုန်တင်လေယာဉ် ၉ စီးတို့ ပါဝင်ကြောင်းဖော်ပြထားသည်။

နှစ်သစ်ကူး အားလပ်ရက်အတွင်း နေ့စဉ်ပျမ်းမျှခရီးသည် ၁၅၀၀၀၀ ခန့် လာရောက်လည်ပတ်ကြကြောင်းနှင့် နှစ်သစ်ကူးလွန်ကာလတွင် အရေအတွက် ပိုများနိုင်ကြောင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြည်တွင်းလေကြောင်း ၁၄၄ စီးဖြင့် ၁စီးတွင် ၂၀၄ ဦးခန့် ပါဝင်ပြီး စုစုပေါင်း ခရီးသည် ၇၀,၂၆၃ ပျံသန်းပို့ဆောင် ပေးနိုင်မည့်ဟု မျှော်လင့်ကြောင်း သိရှိရပါသည်။

လေကြောင်းလိုင်းများသည် HCMC သို့ ပျံသန်းမည့် ခရီးစဉ်များအတွက် ကြိုတင်မှာယူမှုများ ရှိပြီးနေပြီး ထိုင်ခုံနေရာမှာ ၉၈ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်း အထိပြည့်နေပြီးဖြစ်ကြောင်း ဖော်ပြထားပါ သည်။

 

 

Source : The Sigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News