International News

မူပိုင်ခွင့်ဥပဒေအတိုင်း လေးစားလိုက်နာသွားရန် ဖိလစ်ပိုင်အကောက်ခွန်ပြောကြား

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ ဒုတိယအကြီးဆုံးအခွန်ကောက်ခံနေသည့် အစိုးရအေဂျင်စီတစ်ခုဖြစ်သော အကောက်ခွန်ဌာနသည် မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ လေးစားလိုက်နာသွားရန် ထုတ်ပြန်ပြောကြားခဲ့ပြီး ထုတ်ပြန်ချက်တွင်နိုင်ငံဖြတ်ကျော်၍ ကုန်ပစ္စည်းတံဆိပ်အတုများ ဝင်ရောက်လာခြင်းအားအထိရောက်ဆုံး ကာကွယ်သွားမည်ဖြစ်ပြီး ပြင်းပြင်းထန်ထန်တိုက်ဖျက်သွားရန် ကတိပြုကြောင်း အကောက်ခွန်ဌာန၏ကော်မရှင်နာ ဖြစ်သူ Bienvenido Y.Rubio မှ ပြောကြားခဲ့ပါသည်။

လတ်တလောတွင် ဖိလစ်ပိုင်နိုင်ငံသို့တင်သွင်းလာသော ပီဆို ၁.၅၆ ဘီလီယံခန့်တန်ဖိုးရှိ Nike Footwear ပစ္စည်းအတုများ သိမ်းဆည်းရရှိခြင်းကြောင့် ဖိလစ်ပိုင်အကောက်ခွန်ဌာနသည် Nike Asia Pacific Brand Protection Team ၏ အသိအမှတ်ပြုသည့် ဆုအားရရှိခဲ့ပါသည်။ အဆိုပါဆုအား အကောက်ခွန်ဌာနနှင့် မူပိုင်ခွင့်ဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များအား ပေးအပ်ခဲ့သည့်အတွက် Nike Asia  အား ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်ပြီးကုန်ပစ္စည်းအတုအပများ ထုတ်လုပ်တင်သွင်း ဖြန့်ချိမည့်သူများအားရှာဖွေဖော်ထုတ်ရန်အတွက် ပိုမိုကြိုးစားဆောင်ရွက်သွားစေသည့် တွန်းအားတစ်ရပ်ဖြစ် ကြောင်းလည်းပြောကြားခဲ့ပါသည်။

သက်ဆိုင်ရာဝန်ကြီးဌာနများအားလုံး ပူးပေါင်းဆောင်ရွက်သွားစေလိုပါကြောင်းနှင့် အခြားသော အေဂျင်စီများ၏ ပူးပေါင်းဆောင်ရွက်မှုမပါဝင်ပဲ ယခုကဲ့သို့ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ကြောင်းလည်းပြောကြားခဲ့ပါသည်။ အကောက်ခွန်ဌာနသည် ဖိလစ်ပိုင်နိုင်ငံ၏မူပိုင်ခွင့်အား ကာကွယ်စောင့်ရှောက်သွားရန် သိသာထင်ရှားစွာဆောင်ရွက်သွားမည်ဖြစ်ပြီး ကုန်ပစ္စည်းအတုအပ တင်သွင်းနေသည့် စက်ဝန်းအား ရပ်တန့်သွားစေရန်ဖြစ်ကြောင်း၊ အကောက်ခွန်ဌာနအနေဖြင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် သာတူညီမျှယှဉ်ပြိုင်မှုဖြစ်စေရန်၊ ဖန်တီးနိုင်စွမ်းရှိစေရန်၊ ဆန်းသစ်တီထွင်မှုအား ထိန်းသိမ်းရန်ဖြစ်ပြီး လုပ်ငန်းများ၏ ယုံကြည်မှုရရှိစေရန်နှင့် ပိုမိုလုံခြုံစိတ်ချရမှု ရှိစေရန်အား မြှင့်တင်ဆောင်ရွက်သွားရန် ရည်ရွယ်ကြောင်း ဖော်ပြပါရှိပါသည်။

ယခုကဲ့သို့ Nike Asia Pacific Brand Protection Team မှ အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုခြင်းသည် နိုင်ငံတကာကုန်ပစ္စည်းအမှတ်တံဆိပ်များအား အတုအပပြုလုပ်ခြင်းအား ကာကွယ်ပေးရန်နှင့် မူပိုင်ခွင့်ချိုးဖောက်ခြင်းအား တိုက်ဖျက်ရန်အတွက် အကာက်ခွန်ဌာနအပါအဝင် သက်ဆိုင်ရာဌာနများအနေဖြင့်မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်သွားစေရန် တွန်းအားတစ်ရပ်ဖြစ်ကြောင်းဖော်ပြပါရှိပါသည်။

 

 

 

 

Source; https://mb.com.ph/2023/6/20/customs-vows-stronger-ip-enforcement

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News