International News

ထိုင်းနှင့် ဆော်ဒီနိုင်ငံတို့အကြား ဆက်ဆံရေးမှသည် ပိုမို မဟာဗျူဟာကျသော မိတ်ဖက်များအဖြစ်သို့

Last Updated:

ဆော်ဒီနိုင်ငံရင်းနှီးမြှုပ်နှံမှု ဝန်ကြီး၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai နှင့် အစိုးရနှင့် ပုဂ္ဂလိကမှ အကြီးတန်းအရာရှိများပါဝင်သော ကိုယ်စားလှယ်အဖွဲ့၏ ဆော်ဒီခရီးစဉ်တွင် နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ ပုဂ္ဂလိက အချင်းချင်း နားလည်မှုစာချွန်လွှာ အခု ၃၀ ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ ယင်းသည် ၃၂ နှစ်ကြာအေးစက်နေသော ဆက်ဆံရေးကို ပြန်လည်အသက်ဝင်စေခဲ့ပြီး ထိုင်းနိုင်ငံသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်မည့်အခွင့်အလမ်းကို ဆုပ်ကိုင်နိုင်ခဲ့ပါသည်။ နှစ်နိုင်ငံလုံးက စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုများကို ခိုင်မာစေရေး စိတ်အားထက်သန်လျက်ရှိကြပါသည်။

အဆိုပါ ခရီးစဉ်တွင် အစိမ်းရောင်စွမ်းအင်၊ အစားအစာ၊ လယ်ယာ၊ ပန်းမန်၊ ခရီးသွား၊ ကျန်းမာရေးနှင့် အားကစားစသည့် ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များစွာ ပါဝင်ခဲ့ကြသည့်အတွက် ကျေနပ်အားရဖွယ်ရှိသည့် ခရီးစဉ်ဖြစ်ကြောင်း၊ ဆော်ဒီနှင့်ပူးပေါင်း၍ ဖက်စပ်လုပ်ငန်းများစွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံကုန်သည်များအသင်းနှင့် ထိုင်းကုန်သွယ်ရေး ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ Mr. Sanan Augubolkul က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ထိုင်းနှင့်ဆော်ဒီအကြား နှေးကွေးသော ဆက်ဆံရေးဖြစ်နေသော်လည်း ဆော်ဒီရှိ Minor Group၊ PTT၊ Café Amazon၊ Gulf Energy၊ Indorama နှင့် Siam Cement တို့တွင် ထိုင်းလုပ်ငန်းစုကြီးများက ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ဘတ်သန်းပေါင်းများစွာ တန်ဖိုးရှိသော သစ်ပင် (အရှင်) များနှင့် အပင်များတင်သွင်းမည့် နိုင်ငံအစီအစဉ်မှ အကျိုးများစွာ ဖြစ်ထွန်းမည်ဖြစ်သည်။

နှစ်နိုင်ငံကိုယ်စားလှယ်များက ပင်လယ်ကွေ့နှင့် အရှေ့တောင်အာရှအကြား စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအပါအဝင် နိုင်ငံသားအချင်းအချင်း ဆက်ဆံ‌‌ရေးအသစ်များ မြှင့်တင်သွားရန် ကတိပြုခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ တည်နေရာအနေအထားအရ ဆော်ဒီအာရေဗျ၏အမြင်တွင် ထိုင်းသည် အရှေ့တောင်အာရှနှင့် အရှေ့အာရှသို့ ရောက်ရှိနိုင်မည့် အချိတ်အဆက်နှင့် စွမ်းအင်အချက်အခြာဖြစ်သည်။

ယခုကဲ့သို့ နှစ်နိုင်ငံချစ်ကြည်ရေးမှတစ်ဆင့် ထိုင်းနိုင်ငံသည် ဆော်ဒီအာရေဗျနိုင်ငံအတွက် စီးပွားရေးနှင့် မဟာ ဗျူဟာကျသော မိတ်ဖက်တစ်ခု ဖြစ်လာခဲ့ပါသည်။

 

Source: www.bangkokpost.gov   

(စီးပွားရေးသံမှူး ၊ ဗန်ကောက်မြို့)  

Category: International News