International News

ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့မှု စံချိန်သစ်တင်

Last Updated:

ဗီယက်နမ်နိုင်ငံမှ ဆန်ကွဲ ၅ % ပါဝင်သည့် ဆန်တင်ပို့မှုအား တစ်တန်လျှင် ၅၁၃ ဒေါ်လာဖြင့် ပြီးခဲ့သည့်သီတင်းပါတ်ကုန်တွင် အရောင်းအဝယ်ဖြစ်ခဲ့သည်။ဗီယက်နမ်၏ ဆန်တင်ပို့မှု ပျမ်းမျှဈေးသည် တစ်တန်လျှင် ဒေါ်လာ ၆၅၀ ရှိခဲ့ရာမှ ယခင်နှစ် အလားတူကာလထက် ၂၀.၈ % မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ဗီယက်နမ်နိုင်ငံမှ ဆန်ကွဲ ၅ % နှုန်းပါဝင်သည့် ဆန်တင်ပို့မှု တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၀-၅၁၀ ရှိခဲ့ရာမှ ဇူလိုင်ပထမပတ်တွင် အမေရိကန်ဒေါ်လာ ၅၁၃ ထိ မြင့်တက်ခဲ့သည်။ တစ်ချိန်တည်းတွင် ဆန်ကွဲ ၂၅ % တင်ပို့မှုမှာ  အမေရိကန်ဒေါ်လာ တစ်တန်လျှင် ၄၉၃ တန် သို့မြင့်တက်ခဲ့သည်။

ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ စာရင်းများအရ ပထမနှစ်ဝက်အတွင်း ဗီယက်နမ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂.၂၆ ဘီလီယံ တန်ဖိုးရှိပမာဏအားဖြင့် ဆန်တန်ချိန် ၄.၂ သန်း တင်ပို့ခဲ့ပြီး၊ စုစုပေါင်းတင်ပို့မှု ပမာဏ၏ ၂၁ % များခဲ့ကာ ယခင်နှစ်အလားတူကာလထက် ၃၂ % မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့် ၆ လအတွင်း ပျှမ်းမျှဆန်တင်ပို့မှုသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၉  သို့ရောက်ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၁၀ % မြင့်တက်လာကာ ပြီးခဲ့သည် ၁၀ နှစ် အတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိခဲ့သည်။

ဇွန်လအတွင်း ပျမ်းမျှဆန်တင်ပို့မှုသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၅၀ သို့ ရောက်ရှိပြီး ယခင်လ နှင့် နှိုင်းယှဉ်ပါက ၉.၄ % နှင့် ယခုနှစ်အလားတူကာလထက် ၂၀.၈ % မြင့်တက်ခဲ့သည်။ပြည်ပ ဝယ်လိုအားတိုးလာခြင်းကြောင့် ဗီယက်နမ်ဆန်ဈေးဆက်လက် မြင့်တက်လျက်ရှိပါသည်။

အယ်နီညိုဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့စိုက်ပျိုးရေးကို ထိခိုက်စေနိုင်သည်ဟု ခန့်မှန်းထားရာ နိုင်ငံအများအပြားက စားနပ်ရိက္ခာဖူလုံရေးအတွက် ဆန်ကိုတက်ကြွစွာ ဝယ်ယူလျက်ရှိနေကြသည်။

ယခုနှစ်ပထမ ၅ လတွင် ဗီယက်နမ်၏ ဆန်တင်ပို့မှုသည် ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံ ကဲ့သို့သော တင်ပို့နေကျဈေးကွက်များသို့ တင်ပို့မှုဂဏန်းနှစ်ဆ တိုးလာခဲ့သည်။ အင်ဒိုနီးရှား၊ ချီလီ၊ တူရကီနှင့် ဆီနီဂေါ စသည့် ဈေးကွက်သစ်နိုင်ငံ အများအပြားသို့ ဆန်တင်ပို့မှုသည် ယခင်နှစ် အလားတူကာလထက် ၁၁၀၀ % မှ ၁၆၀၀၀ % သို့ ရုတ်တရက်တိုးလာခဲ့သည်။

ဝယ်လိုအားများလာခြင်းကြောင့် အာရှတွင်းရှိနိုင်ငံများသို့ တင်ပို့သည့် ဆန်ဈေးနှုန်းများလည်းမြင့်တက်ခဲ့သည်။ လက်ရှိဈေးကွက်သည် အိန္ဒိယဆန်တင်ပို့မှုမူဝါဒနှင့် ပတ်သက်သည့် တိုးတက်မှုများကို စောင့်ကြည့်ရန် အာရုံစိုက်နေသည်။

အိန္ဒိယအစိုးရသည် ဘာစမာတီမဟုတ်သော ဆန်အားလုံးတင်ပို့မှုကို တားမြစ်ရန်စဉ်းစားနေကြောင်း Reuters သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

လက်ရှိအနေအထားတွင် အိန္ဒိယသည် ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ % ပိုင်ဆိုင်ထားသည်ဖြစ်ရာ အထက်ပါပို့ကုန်တားမြစ်ချက်ကို ကျော်လွှားနိုင်ပါက ကမ္ဘာ့ဆန်ဈေး သိသိသာသာတက်လာမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် အခြားဆန်တင်ပို့သည့်နိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းတို့သည် ၎င်းတို့အတွက်ဈေးကွက်ဝေစု အခြေအနေကောင်းများ ပိုမိုရရှိလာမည် ဖြစ်ပါသည်။

Source : Vietnam Net Global

(စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News