International News

ဗီယက်နမ်နိုင်ငံ ဓာတ်မြေဩဇာတင်သွင်းမှုသည် နှစ်နှစ်အတွင်း အမြင့်ဆုံးရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ဓာတ်မြေသြဇာ တင်သွင်းမှု ပမာဏသည် သြဂုတ်လတွင် နှစ်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ဩဂုတ်လတွင် ဗီယက်နမ်မှ ဓာတ်မြေသြဇာ ၄၇၂၂၈၃ တန်ကျော် တင်သွင်းခဲ့ပြီး ပမာဏမှာ ဇူလိုင်လထက် ၅၄ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၈၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။အဆိုပါ တင်သွင်းမှုသည် ၂၀၁၂ ခုနှစ် ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံးတင်သွင်းမှု ပမာဏဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း ဓာတ်မြေသြဇာဈေးသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၈ သို့ ရောက်ရှိခဲ့ပြီး လစဉ် ၁၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း တစ်နှစ်ထက်တစ်နှစ် ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

သြဂုတ်လကုန်တွင် ဓာတ်မြေသြဇာတင်သွင်းမှု ၁၃ ရာခိုင်နှုန်းမှ တန်ချိန် ၂ ဒသမ ၅ သန်းသို့ မြင့်တက်ခဲ့သော်လည်း သွင်းကုန်တန်ဖိုးမှာ တစ်နှစ်ထက်တစ်နှစ် ၁၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၃၃ သန်း ရှိခဲ့သည်။

အဆိုပါကာလအတွင်း ပြည်ပမှ တင်သွင်းလာသော ဓာတ်မြေသြဇာ တစ်တန်လျှင် ပျမ်းမျှ ၃၄၇ ဒေါ်လာ ရှိပြီး ယခင်နှစ်ထက် ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

တရုတ်နိုင်ငံသည် ယခုနှစ်တွင် နိုင်ငံ၏ အကြီးမားဆုံး ဓာတ်မြေသြဇာ ပံ့ပိုးပေးသည့် နိုင်ငံဖြစ်ပြီး တင်သွင်းသည့် ဓာတ်မြေသြဇာ တန်ချိန် ၁ ဒသမ ၂ သန်းကျော်၏ ထက်ဝက်ခန့်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၇၅ သန်းရှိပြီး ပမာဏအားဖြင့် တစ်နှစ်ထက်တစ်နှစ် ၁၅ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၁၄ ရာခိုင်နှုန်း မြင့်တက်နေသည်။

ထို့နောက် ဂျပန်နိုင်ငံမှ ဓာတ်မြေသြဇာ တန်ချိန် ၂၂၅၀၀၀ ကျော်တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၁ သန်းရှိကြောင်း သိရှိရသည်။


         

Source: VNS

(ဝင့်နန္ဒာကျော်ကျော်၊စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News