International News

ဂျပန်ကုမ္ပဏီများက ဘတ် ၃.၇ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် ထိုင်းနိုင်ငံ၏ အရှေ့ဘက်ပင်လယ်ပြင်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ပြေးစီမံချက်တစ်ခုဖြစ်သည့် Eastern Economic Corridor (EEC) အား စိတ်ဝင်စားလျက်ရှိ

Last Updated:

နာဂိုယာအခြေစိုက် ဂျပန်ကုမ္ပဏီ ၃ ခုက ဘတ် ၃.၇ ဘီလီခန့်ကို အရှေ့ဘက်ပင်လယ်ပြင်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ပြေးစီမံချက် တစ်ခုဖြစ်သည့် Eastern Economic Corridor (EEC) ၌ လျှပ်စစ်မော်တော် ကားနှင့် Smart Electronics စက်ရုံများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြောင်း ထိုင်းနိုင်ငံ၊ စက်မှုအိမ်ခြံ မြေအာဏာပိုင်၏ ဥက္ကဋ္ဌဖြစ်သူ Mr. Veeris Ammarapala က ပြောကြားခဲ့ပါသည်။

လျှပ်စစ်မော်တော်ကားများသည် EEC တွင် အဓိကထားသော စက်မှုလုပ်ငန်းများဖြစ်ကြောင်း၊ မော်တော်ကားအစိတ်အပိုင်းများ၊ သံနှင့် သံမဏိနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ အခြားသော စက်မှုလုပ်ငန်းများကိုလည်း စိတ်ဝင်စားပါကြောင်း၊ ထိုင်းနိုင်ငံ၊ စက်မှုအိမ်ခြံမြေအာဏာပိုင်က ဂျပန်နိုင်ငံတွင် စက်မှုပြပွဲနှင့် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေးဆွေးနွေးပွဲ ၂ ခုကို စီစဉ်ကျင်းပခဲ့ပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါသည်။

ဂျပန်နိုင်ငံသည် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ အထူး သဖြင့် မော်တော်ကားစက်မှုလုပ်ငန်းတွင် ဖြစ်ကြောင်း၊ EEC တွင် မော်တော်ကား၊ စက်ပစ္စည်းနှင့် အစိတ်အပိုင်းများ၊ သံနှင့် သံမဏိ၊ ပလတ်စတစ်၊ ရာဘာနှင့် လျှပ်စစ်ပစ္စည်းများ စသည့်လုပ်ငန်းများတွင် ဂျပန်ကုမ္ပဏီများ ၁,၉၅၁ ခုရှိပါကြောင်း၊ ဘတ် ၃ ထရီလီယံခန့် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးရှိပါကြောင်း Mr. Veeris က ဆက်လက်ပြောကြားပါသည်။

ဂျပန်ရင်းနှီးမြှပ်နှံသူများက ထိုင်းစက်မှုဇုန်အတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထောက်ပံ့မှုအပေါ် စိုးရိမ်မှုရှိပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် EU က ကာဗွန်ပါဝင်သော ထုတ်လုပ်မှုများအတွက် အခွန်ကောက်ခံမည့် Carbon Border Adjustment Mechanism (ABAM) ကို မိတ်ဆက်ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် EU သို့ တင်ပို့မည့် ထုတ်လုပ်သူများအနေဖြင့် eco-friendly ဖြစ်သော ထုတ်လုပ်မှုဖြစ်လိုကြပါကြောင်း ဖြည့်စွက်ပြောကြားပါသည်။

ဂျပန်ကုမ္ပဏီများက ၎င်းတို့၏ လုပ်ငန်းများအပေါ် EU ၏ ကောက်ခံမှုများကို ရှောင်ရှားလိုသဖြင့် စက်ရုံများအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရရှိမှုသေချာစေရန် တောင်းဆိုကြပါကြောင်း Mr. Veeris က ပြောကြားပါသည်။

 

Source: www.bangkokpost.gov   

(စီးပွားရေးသံမှူး၊ဗန်ကောက်မြို့)

Category: International News