International News

Swift စနစ်ဖြင့် နိုင်ငံတကာငွေပေးချေမှု ပြုလုပ်ရာတွင် ထိရောက်မှုရှိစေသည့် Blockchain Deposit Tokens နည်းပညာသစ်ကို JPMorgan က ရှာဖွေလျက်ရှိ

Last Updated:

SWIFT စနစ်ဖြင့် နိုင်ငံတကာငွေပေးချေမှု ပြုလုပ်နိုင်သည့် Blockchain Deposit Tokens နည်းပညာသစ်ကို JPMorgan က ရှာဖွေလျက်ရှိကြောင်းကို ၇-၉-၂၀၂၃ ရက်တွင် BENZINGA အွန်လိုင်း သတင်းတွင် “JPMorgan Explore Game-Changing Blockchain Deposit Tokens For Swift Cross-Border Payments” ခေါင်းစဉ်ဖြင့် ဖော်ပြထားရှိပါသည်။

အမေရိကန်နိုင်ငံ၏ အကြီးဆုံးဘဏ်တစ်ခုဖြစ်သည့် JPMorgan အနေဖြင့် အဆိုပါဆန်းသစ်သည့် ငွေပေးချေမှု နည်းလမ်းအတွက် အခြေခံလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီး တရားဝင်ဆက်လက်ဆောင်ရွက်ရန် အမေရိကန်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိပါကြောင်း၊ Digital Deposit Tokens သည် ကူးသန်းရောင်းဝယ်ရေးဘဏ်များမှ ငွေသွင်း၊ ငွေထုတ်ပြုလုပ်ခြင်းနှင့် Blockchain ၏ လုပ်ငန်းတာဝန်တို့ကို ကိုယ်စားပြုဆောင်ရွက်မည်ဖြစ်ပြီး ငွေပေးချေမှုလျင်မြန်ပြီး စရိတ်သက်သာကြောင်း၊ JPMorgan အနေဖြင့် ဤနည်းပညာကို ၂၀၂၄ ခုနှစ်တွင် ၎င်း၏ ဖောက်သည်များအား မိတ်ဆက်ပေးနိုင်မည်ဟုယူဆရပါကြောင်း၊ JPMorgan ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက Deposit Tokens သည် အကျိုးများစွာရှိနိုင်ပါကြောင်း၊ ဤ Deposit Tokens ကို စတင်ရေးဆွဲထုတ်လုပ်ခြင်း မပြုလုပ်မီ အစိုးရအနေဖြင့် သေချာစွာစိစစ်ပြီးမှသာ ခွင့်ပြုချက်ပေးနိုင်သည်ဟု ပြောကြားခဲ့ပါကြောင်း၊ JPMorgan အနေဖြင့် လက်ရှိဘဏ် အသုံးပြုလျက်ရှိသည့် အခြေခံအဆောက်အဦးများက Deposit Tokens အသစ်ကို အသုံးပြုနိုင်ပါကြောင်း၊ JPMorgan သည် စင်ကာပူဗဟိုဘဏ် (Monetary Authority of Singapore – MAS) ၏ စီမံကိန်းတစ်စိတ်တစ်ပိုင်း အဖြစ် Deposit token ကို စမ်းသပ်ထုတ်ပေးခဲ့သည့် သာဓကရှိပါကြောင်း ဖော်ပြထားပါသည်။

 

 

 

 

Source: https://www.benzinga.com/markets/cryptocurrency/23/09/34339631/jpmorgan-explores-game-changing-blockchain-deposit-tokens-for-swift-cross-border-payments

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

 

Category: International News