International News

တရုတ်အပေါ် အမေရိကန်နိုင်ငံ၏ သည်းခံနိုင်မှု လျော့နည်းလာကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ သတိပေးချက်

Last Updated:

တရုတ်အပေါ် အမေရိကန်နိုင်ငံ၏ သည်းခံနိုင်မှုလျော့နည်းလာကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက သတိပေးခဲ့ကြောင်းကို ၃-၉-၂၀၂၃ ရက်တွင် US News အွန်လိုင်းသတင်းတွင် “Raimondo Warns China Patience of US Business Is Wearing Thin” ခေါင်းစဉ်ဖြင့် ဖော်ပြထားရှိပါသည်။  

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo က အမေရိကန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံရှိ ‘တိကျသေချာမှုရှိပြီး စီးပွားရေးလုပ်ငန်းများအားလုံး တန်းတူလုပ်ကိုင်နိုင်သော ပတ်ဝန်းကျင်တစ်ခုတွင် အလုပ်လုပ်ကိုင်နိုင်ရန် အခွင့်အရေးရှိသည်’ ဟု ပြောကြားခဲ့ပါကြောင်း၊ အမေရိကန်နှင့် တရုတ်တို့သည် ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ နှစ်ခုဖြစ်ပြီး ယခင်လများတွင် အမေရိကန်နိုင်ငံအနေဖြင့် ကနေဒါ၊ မက္ကဆီကိုတို့နှင့် ကုန်သွယ်မှု ပိုမို များပြားလာကာ တရုတ်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှု ပိုမိုများပြားလာခဲ့ပါ ကြောင်း၊ အမေရိကန် စီးပွားရေးလုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ကိုင်လိုသည့် ဆန္ဒရှိကြပါကြောင်း၊ တရုတ်အစိုးရ၏ အမေရိကန် စီးပွားရေးလုပ်ငန်းများအပေါ် လတ်တလော တုန့်ပြန်မှုများမှာလည်း အပြုသဘောဆောင်သည်ကို တွေ့ရှိရပါကြောင်း၊ ကူးသန် းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo က တရုတ်ဘက်မှ အရာရှိများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ၎င်းအနေဖြင့် ရှင်းလင်းပြီး တိုက်ရိုက်ကျသော၊ ခိုင်မာသော စကားလုံးများကို ရွေးချယ်ကာ သုံးနှုန်းခဲ့ပါကြောင်း၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ ဩဂုတ်လအတွင်း သွားရောက်ခဲ့သည့် တရုတ်ခရီးစဉ်မတိုင်မီ ၎င်း၏ အီးမေးလ်အား Hack လုပ်ခံရကြောင်း၊ တရုတ်နိုင်ငံ စီးပွားရေး၏ လေးပုံတစ်ပုံသည် ကြွေးမြီတစ်ဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး ကမ္ဘာ့ဈေးကွက်အပေါ် ဒုက္ခပေးသည့် နိုင်ငံတစ်ခုဖြစ်လာနိုင်သည်ဟု အချက်ပေးလျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းနေသည်မှာ အငြင်းပွားစရာ မလိုသည့်ကိစ္စရပ်ဖြစ်ပါကြောင်း၊ အထူးသဖြင့် အိမ်ခြံမြေရောင်းဝယ်ရေးကဏ္ဍတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်းဖြင့် ပြောကြားခဲ့သည်ကို တွေ့ရပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

 

Category: International News