International News

ဗီယက်နမ်နိုင်ငံတွင် ကော်ဖီ‌ဈေး မြင့်တက်လာပြီး ပြည်ပသို့ တင်ပို့ရန်ရှားပါးနေ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီထုတ်ကုန် ပြတ်လတ်မှု/ ရှားပါးခြင်းကြောင့် ကော်ဖီစျေးနှုန်းများ မြင့်မားနေကြောင်း သိရှိရပါသည်။
အကောက်ခွန်ဦးစီးဌာန၏ အဆိုအရ ဗီယက်နမ် ပို့ကုန်ကော်ဖီ ဈေးနှုန်းသည် သြဂုတ်လတွင် စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃,၀၅၄ ဝန်းကျင်ရှိပြီး ယခုနှစ်တွင် ၂၉.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
ပြည်တွင်းဈေးကွက်တွင်လည်း ဈေးနှုန်းများစံချိန်တင် မြင့်မားလာခဲ့ကြောင်း သိရပါသည်။  စက်တင်ဘာလ ၁၅ ရက်တွင် ဒက်လတ်ခရိုင်ရှိ ကော်ဖီတစ်ကီလိုကို ဗီယက်နမ်ဒေါင် ၆၆,၆၀၀ သို့ တိုးမြှင့်လာပြီး  Gia Lai တွင် တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၆၆,၄၀၀ တိုးမြှင့်လာကာ Dak Nong တွင် တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၆၆,၉၀၀ ရောက်ရှိလာကြောင်း သိရှိရပါသည်။
သို့သော်လည်း ပြည်တွင်းကုမ္ပဏီများသည် ပို့ကုန်ထောက်ပံ့မှု အကန့်အသတ်နှင့် ရင်ဆိုင်နေရပြီး ဩဂုတ်လတွင် ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂၅၈ ဒသမ ၅ သန်းတန်ဖိုးရှိ ကော်ဖီတန်ချိန် ၈၄,၆၅၀ သာ တင်ပို့ခဲ့ပြီး၊ ၂၅ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းကာ တစ်နှစ်လျှင် ၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
စက်မှုလုပ်ငန်းသည် ပို့ကုန်ထောက်ပံ့မှုတွင် ထိုကဲ့သို့ ပြတ်တောက်မှုမျိုး တစ်ခါမျှ မကြုံဖူးကြောင်းနှင့် ဂျာမနီ၊ စပိန်၊ ဘယ်လ်ဂျီယံ၊ အမေရိကန်၊ အီတလီ၊ ဂျပန်နှင့် ရုရှားတို့သည် ဗီယက်နမ် ကော်ဖီကို အများဆုံး တင်သွင်းသည့် နိုင်ငံများစာရင်းတွင် ပါဝင်ကြောင်းဖော်ပြထားပါသည်။
Phuc Sinh Coffee JS Company ၏ ဥက္ကဌ Phan Minh Thong က ဗီယက်နမ်သည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ကော်ဖီတင်ပို့သူအဖြစ် ဆက်လက်တည်ရှိနေသော်လည်း ယခုနှစ်တွင် ဒေသအများအပြားတွင် ရာသီဥတုအခြေ အနေကြောင့် ကော်ဖီစိုက်ပျိုးမှု ညံ့ဖျင်းမှု ကြုံတွေ့ခဲ့ရကြောင်း သိရှိရပါသည်။
ဗီယက်နမ်ကော်ဖီကိုကိုးအသင်းမှ ဗီယက်နမ် ကော်ဖီဈေးနှုန်းများသည် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးဖြစ်ကြောင်း ဝန်ခံပြောကြာခဲ့ပြီး ကုမ္ပဏီများအနေဖြင့် ပို့ကုန်အတွက် ကော်ဖီ အများအပြားမရှိကြောင်း၊ ထို့ကြောင့် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက သြဂုတ်လမှ အောက်တိုဘာလအထိ ကော်ဖီတင်ပို့မှု လျော့ကျသွားနိုင်ကြောင်း သိရှိရပါသည်။
အမှန်တကယ်တွင် ကော်ဖီစိုက်ပျိုးသူ အများအပြားသည် ကော်ဖီအထွက်နှုန်း ကျဆင်းမှုအတွက် အပြစ်တင်ခံရသည့်အတွက် ဒူးရင်းကဲ့သို့သော အသီးအနှံများကို ‌ပြောင်းလဲစိုက်ပျိုးလာကြောင်း သိရပါသည်။

 

 

Source: Vietnamnet Global
(ဝင့်နန္ဒာကျော်ကျော်၊စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News