International News

အရှေ့တိုင်းနှစ်သစ်ကူးကာလအတွင်း အာရှ၏ လည်ပတ်ရန် အကောင်းဆုံးထိပ်တန်းနေရာ ၅ နေရာတွင် ဗီယက်နမ်နိုင်ငံပါဝင်

Last Updated:

အာရှ-ပစိဖိတ်ဒေသ အွန်လိုင်းခရီးသွားအေဂျင်စီ Agoda သည် လာမည့် အရှေ့တိုင်းနှစ်သစ်ကူး အားလပ်ရက်အတွင်း အာရှ-ပစိဖိတ်ဒေသတစ်ဝှမ်း ခရီးသွားများအတွက် ရေပန်းအစားဆုံးနေရာ ၅ ခုတွင် ဗီယက်နမ်ကို ထည့်သွင်းထားသည်။

အွန်လိုင်းခရီးသွားအေဂျင်စီ၏ ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အထိ အွန်လိုင်းတွင် ကြိုတင်စာရင်းသွင်းမှုများအပေါ် အခြေခံထားသည့် လတ်တလော အချက်အလက်များအရ ဖေဖော်ဝါရီ ၉ ရက် မှ ၁၀ ရက်အထိ ၂ ညတာ တည်းခိုရန်အတွက် အာရှနိုင်ငံအသီးသီးမှ ခရီးသွားများသည် အဆိုပါကာလအတွက် ဗီယက်နမ်ကို ရွေးချယ်လာကြကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းများ၊ နွေးထွေးသောယဉ်ကျေးမှုနှင့် ကျော်ကြားသော အစားအစာများကြောင့် လာမည့် နှစ်သစ်ကူးကာလအတွက် ဆွဲဆောင်ရာနေရာဖြစ်ကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်နှင့်အတူဒေသတွင်းထိပ်တန်းခရီးသွား နေရာ ၅ ခုမှာ ဂျပန်၊ထိုင်း၊မလေးရှားနှင့် အင်ဒိုနီးရှား တို့ဖြစ်ကြကြောင်း သိရှိရပါသည်။

ဒေသတွင်း အကြီးဆုံးအားလပ်ရက် ခရီးသွားရာသီ နီးကပ်လာသည်နှင့်အမျှ ဗီယက်နမ်နိုင်ငံတွင်းသို့ ခရီးသွားများအစုလိုက်ဝင်ရောက်လျက်ရှိကြောင်း၊ တောင်ကိုးရီးယားမှဦးဆောင်ပြီး တရုတ်၊ စင်ကာပူ၊ ဟောင်ကောင် (တရုတ်) နဲ့ ဂျပန်တို့ လာရောက်လျက်ရှိကြောင်း၊ ခရီးသွားဧည့်သည်များ တိုးလာခြင်းသည် ဗီယက်နမ် ခရီးသွားလုပ်ငန်းအတွက် အလားအလာရှိသော လက္ခဏာဖြစ်ကြောင်း၊  ယခုနှစ်၏ ပြည်တွင်း ထိပ်တန်းခရီးသွားနေရာမှာ Da Lat ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ ပြည်တွင်းခရီးသွားများအနေဖြင့် နှစ်သစ်ကူးအားလပ်ရက်တွင် သွားရောက်ရန်အတွက် ပြင်ဆင်နေကြပြီဖြစ်သည်။

ဗီယက်နမ်နိုင်ငံ၏ ခရီးသွားလာရေးလုပ်ငန်းတွင် ကုန်းတွင်းပိုင်းနေရာများထက် ကမ်းရိုးတန်းခရီး သွားခြင်းကို ပိုမိုစိတ်ဝင်စားသည့် အစဉ်အလာရှိခဲ့သော်လည်း ယခုနှစ် ခရီးသွားအဆင့် သတ်မှတ်ခြင်းတွင် တောင်ထိပ်အပန်းဖြေစခန်း၏ အောင်မြင်မှုကို မှတ်သားဖွယ် တွေ့မြင်နိုင်ပါကြောင်း၊ ယခုနှစ်တွင် တောင်ထိပ်အပန်းဖြေစခန်း ဒါလတ်သည် ထိပ်ဆုံးရောက်ရှိပြီး ၎င်းနောက် Nha Trang (ဒုတိယ)၊ Danang (တတိယ)၊ Hochimin (စတုတ္တ) နှင့် Phan Thiet (ပဥ္စမ) တို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News