Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်မှ (၂၇)ရက်နေ့ထိ ကုန်ပစ္စည်းအမယ်လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၇၆၈၀၀) တန်၊ တန်ဖိုး(၂၆.၇၁၃) ဒေါ်လာသန်း၊ ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၄၇၅) တန်၊ တန်ဖိုး(၀.၀၆၄)ဒေါ်လာသန်း၊ မြေပဲဆံတင်ပို့မှုအနေဖြင့် တန်ချိန် (၃၄) တန်၊ တန်ဖိုး(၀.၀၃၇)ဒေါ်လာသန်း၊  နှမ်းနက်တင်ပို့မှုအနေဖြင့် တန်ချိန် (၃၇၁) တန်၊ တန်ဖိုး(၀.၅၁၉) ဒေါ်လာသန်း၊ ရော်ဘာတန်ချိန်(၁၀၅)တန်၊ တန်ဖိုး (၀.၁၄၅) ဒေါ်လာသန်း၊ ငရုတ်သီးတင်ပို့မှုအနေဖြင့် တန်ချိန် (၆၆၈) တန်၊ တန်ဖိုး(၀.၄၁၆)ဒေါ်လာသန်း၊ ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် (၈၈၀) တန်၊ တန်ဖိုး (၀.၅၀၁)ဒေါ်လာသန်းကြက်သွန်နီ တင်ပို့မှုအနေဖြင့် တန်ချိန် (၂၃၀) တန်၊ တန်ဖိုး(၀.၁၀၈)ဒေါ်လာသန်းနှင့် ရွှေဖရုံသီးတင်ပိုမှုအနေဖြင့် တန်ချိန်(၃၆၀)တန်၊ တန်ဖိုး (၀.၀၃၆) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊Artificial Grass ၊ ပန်းသီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီးရင်းနှီးပစ္စည်းတန်ချိန် (၆၁၄.၀၀) တန်၊ တန်ဖိုး(၀.၆၃၈)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၁၂၂၈.၀၀) တန်၊ တန်ဖိုး (၁.၀၄၀) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၁၂၂၆.၀၀) တန်၊ တန်ဖိုး (၀.၈၆၄) ဒေါ်လာသန်းတို့ တင်သွင်း နိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်း မဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

Source: https://commerce.gov.mm

Category: Local News