International News

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား ပူးပေါင်းစီမံချက်အသစ်များအတွက် ဆွေးနွေးခဲ့

Last Updated:

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည့် တတိယအကြိမ် ပူးတွဲကုန်သွယ်ရေး ကော်မတီ အစည်းအဝေးသို့ ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အစည်းအဝေးသည် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ အာဆီယံနိုင်ငံအကြား ပထမဆုံး ပြုလုပ်ခဲ့သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ အစည်းအဝေးမှ နှစ်နိုင်ငံကုန်သွယ်မှုကို ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံသို့ ရောက် ရှိရန် မျှော်မှန်းထားပြီး ထိုင်းစိုက်ပျိုးရေးထုတ်ကုန်များကို ဈေးကွက်ချဲ့ထွင်ရန် မလေးရှား၏ ဆောင် ရွက်မှုကို အရှိန်မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် ကျွဲ၊ နွား၊ ဝက်နှင့် Javanese ချိုးငှက် တင်သွင်းခွင့်ပြုရေးအတွက် မလေးရှားအကောက်ခွန်ဦးစီးဌာနနှင့် ဆွေးနွေးလျက်ရှိပါကြောင်း၊ နယ်စပ် တစ်လျှောက် စီးပွားရေးချိတ်ဆက်မှုများကို မြှင့်တင်နိုင်မည့် အခွင့်အလမ်းကိုလည်း ဆွေးနွေးခဲ့ပါ ကြောင်း၊ မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာနနှင့် ထိုင်းစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့အကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖွဲ့ ဖွဲ့စည်းသွားနိုင်ရေး ဆွေးနွေးရန် လျာထားပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ သည်။

မလေးရှားနှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံ၏ တောင်ပိုင်းစွန်းပြည်နယ် ၅ ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် အမွှာမြို့တော်စီမံကိန်းဆောင်ရွက်ရန် အဆိုပြုခဲ့ပါကြောင်း၊ အမွှာမြို့တော်စီမံကိန်းတွင် ထိုင်းနိုင်ငံ၏ စတွန်၊ ဆုခလာ၊ ယလာ၊ ပထနီနှင့် နရသီဝပ်ပြည်နယ်များသည် မလေးရှားနိုင်ငံ၏ ပါးလစ်၊ ကဲဒါ့၊ ပဲရက်ခ်၊ တာရန်ဂန်နုနှင့် ကဲလန်တန်တို့ ပါဝင်မည်ဖြစ်ကြောင်း၊ အဆိုပါ ပြည်နယ်များရှိ ပဋိပက္ခဇုန် များ ကို ငြိမ်းချမ်းရေးသို့ တွန်းအားပေးသွားမည်ဖြစ်ပြီး ကုန်သွယ်ရေးနေရာများအဖြစ် ပြောင်းလဲသွား မည် ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုနှင့် လူဖြတ်သန်းသွားလာခွင့်အတွက် နားလည်မှု စာချွန်လွှာမူကြမ်း ပြင်ဆင်ခြင်းကို မြန်မြန်ဆန်ဆန်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုနှစ် နှစ်ကုန်ပိုင်း တွင် လက်မှတ်ရေးထိုးနိုင်ရေး မျှော်မှန်းထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။

 စထောင်လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်သစ်နှင့် မလေးရှားနိုင်ငံ ဘူကစ်ကရုဟိတမ် ICQS တို့အကြား ချိတ်ဆက်သည့် လမ်းတည်ဆောက်နေမှု တိုးတက်မှုအပေါ် အသိအမှတ်ပြုကြပါ ကြောင်း၊ ကုန်သွယ်ရေး မြှင့်တင်ရန်၊ ကုန်သွယ်ရေး အတားအဆီးများ လျှော့ချရန်နှင့် နှစ်နိုင်ငံကုန် သွယ်မှု ဆောင်ရွက်ရန် စသည့် မူဝါဒများနှင့် ကိုက်ညီမှုရှိသည့် နှစ်နိုင်ငံ စီးပွားရေးနှင့် လုပ်ငန်းရှင်များ အကျိုးကျေးဇူးအတွက် ပူးပေါင်းဆောင်ရွက်မှုအသစ်များ ဖော်ဆောင်လိုကြကြောင်း၊ ယင်းသို့ ဆောင် ရွက်ရာတွင် မလေးရှားတွင် ထိုင်းတောင်သူများနှင့် လုပ်ငန်းရှင်များအတွက် Halal ဈေးကွက်များ ဖွင့်လှစ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆုန်ခလာရှိ နယ်စပ်ကုန်စည် ပြပွဲနှင့် ထိုင်းနိုင်ငံတွင် ကျင်းပသော ပြပွဲများတွင် ပါဝင်ရန် မလေးရှားကို ဖိတ်ကြားခဲ့ပါကြောင်း သိရှိရ ပါသည်။

မလေးရှားသည် ထိုင်းနိုင်ငံ၏ အာဆီယံတွင် အဆင့် ၁ နှင့် ကမ္ဘာ့အဆင့် ၄ ရှိသော ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပါကြောင်း၊ ယခုနှစ် ပထမ ၅ လအတွင်း နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရှိခဲ့ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

တာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News