International News

တရုတ်-ဆားဗီးယား လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် ဇူလိုင် ၁ ရက်တွင် စတင်အသက်ဝင်မည်

Last Updated:

တရုတ်နိုင်ငံနှင့် ဆားဘီးယားနိုင်ငံတို့ကြား လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (FTA)သည် ဇူလိုင် ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်တွင်းအတည် ပြုမှုလုပ်ငန်းစဉ်များ ပြီးစီးခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အရ တရုတ်နှင့် ဆားဗီးယားနိုင်ငံတို့အကြား ကုန်သွယ်မှုပြုသည့် ကုန်ပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်းကို အခွန်ကင်းလွတ်ခွင့်ရမည်ဖြစ်ပြီး ၆၀ ရာခိုင်နှုန်းကျော်သည် FTA အသက်ဝင်ပြီးသည်နှင့် တပြိုင်နက် အကောက်ခွန်မဲ့ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းများ၏ ၉၅ ရာခိုင်နှုန်းကျော် အပေါ် စည်းကြပ်ခွန်များကို သုညအထိ တဖြည်းဖြည်း လျှော့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

FTA အကောင်အထည်ဖော်မှုသည် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ဘက်စုံအဆင့်မြှင့်တင်ခြင်းအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ တရုတ်-ဆားဗီးယား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေကာ အနာဂတ်တွင် တရုတ်-ဆားဗီးယား အသိုက်အဝန်းတည်ဆောက်ရေးအတွက် အရှိန်အဟုန်အသစ်များ ရရှိနိုင်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအကောက်ခွန်ကော်မရှင်အနေဖြင့်  FTA ကတိပြုချက်များအရ တင်သွင်းသည့် အကောက်ခွန်နှုန်းထားများကို FTA အသက်ဝင်သည့် ဇူလိုင် ၁ ရက်မှစတင်၍ ခွင့်ပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သဘောတူညီချက် အသက်ဝင်ပြီးနောက် တရုတ်နိုင်ငံသည် ဆားဘီးယားနိုင်ငံမှ သွင်းကုန် များဖြစ်သည့် လျှပ်စစ်ဓာတ်အားပေးစက်များ၊ လျှပ်စစ်မော်တာများ၊ တာယာများ၊ အမဲသား၊ ဝိုင်နှင့် အခွံမာသီးများကဲ့သို့သော တင်သွင်းကုန်စည်အချို့အပေါ် အခွန်ကင်းလွတ်ခွင့်ပေးမည်ဖြစ် ကြောင်း ကိုလည်းသိရှိရပါသည်။

 

 

Source: http://en.people.cn/n3/2024/0628/c90000-20187103.html

ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ

 

Category: International News