International News

ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံး သကြားထုတ်လုပ်သူ Khon Kaen Sugar Industry Plc (KSL) က ကမ္ဘောဒီးယားနိုင်ငံရှိ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ထုတ်ယူခဲ့

Last Updated:

ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ သကြားလုပ်ငန်းချဲ့ထွင်ခဲ့သော ထိုင်းနိုင်ငံ၏ တတိယအကြီး ဆုံးသကြားထုတ်လုပ်သူ Khon Kaen Sugar Industry Plc (KSL) က လုပ်သာကိုင်သာမရှိသော စီးပွားရေးအခြေအနေများကြောင့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ထုတ်ယူခဲ့ကြောင်း သိရှိရပါ သည်။

သကြားဈေးနှုန်းကျဆင်းနေသည့် နှစ်ဖြစ်ခြင်း၊ ကမ္ဘောဒီးယား၏ ဈေးကွက်ကျဆင်းနေခြင်းနှင့် Generalized System of Preferences (GSP) ကုန်သွယ်ရေးအစီအစဉ်များသည် ကမ္ဘော့ဒီးယားနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှုကို အားမပေးသည့် အချက်များဖြစ်ပါကြောင်း၊ ကမ္ဘောဒီးယားသည် သကြား ပို့ကုန်များကို ဥရောပနှင့် အမေရိကန်သို့ တင်ပို့ရန် GSP အကျိုးကျေးဇူးများကို အသုံးမပြုပါကြောင်း၊ ဥရောပနှင့် အမေရိကန်တို့က စီးပွားရေးအားနည်းသည့် နိုင်ငံများကို အကူအညီပေးရန် အခွန်ကင်း လွတ်ခွင့် သို့မဟုတ် အခွန်နှုန်းထားလျှော့ပေါ့ပေးခြင်း စသည့် GSP ပေးပါကြောင်း၊ ကမ္ဘောဒီးယားတွင် GSP အသုံးမပြုခြင်းနှင့် သကြားဈေးနှုန်းကျဆင်းနေခြင်းတို့သည် KSL ကို ၎င်း၏ သကြား လုပ်ငန်း အတွက် ပြန်လည်စဉ်းစားရန် ဖြစ်လာစေပါကြောင်း ဥက္ကဋ္ဌ Mr. Chalush Chinthammit က ပြော ကြားခဲ့သည်။

ကမ္ဘာ့သကြားဈေးနှုန်းသည် နှစ်ပေါင်းအတော်ကြာ ကျဆင်းနေပြီး ကြံစိုက်ပျိုးစရိတ်များသည် မြင့်တက်လာပါကြောင်း၊ မိုးခေါင်မှုကြောင့် နိုင်ငံများစွာတွင် သကြားထွက်ကုန်ကျဆင်းခဲ့သောကြောင့် ဈေးနှုန်းစတင်မြင့်တက်လာပြီဖြစ်သော်လည်း ကုမ္ပဏီအနေဖြင့် ယင်းအခြေအနေများကို မနိုင်နင်း တော့ပါကြောင်း၊ KSL သည် ကမ္ဘောဒီးယားတွင် ၂၀၀၆ ခုနှစ်မှစ၍ သကြားလုပ်ငန်း စတင်ခဲ့ပြီး ကမ္ဘော ဒီးယားနှင့် ထိုင်ဝမ်ကုမ္ပဏီတို့နှင့်ပူးပေါင်း၍ သကြားထုတ်လုပ်ခြင်းနှင့် ကြံစိုက်ပျိုးခြင်းကို ဆောင်ရွက် ခဲ့ပါကြောင်း၊ နှစ် ၉၀ စာချုပ်အောက်မှ မြေယာ ၁၂၅,၀၀၀ ရိုင်တွင် စိုက်ပျိုးခဲ့ပါကြောင်း၊ စိန်ခေါ်မှု များစွာရှိသောကြောင့် ကမ္ဘောဒီးယားတွင် သကြားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ခက်ခဲပါကြောင်း Mr. Chalush က ဖြည့်စွက်ပြောကြားခဲ့သည်။

လာအိုရှိ KSL ၏ ရင်းနှီးမြှုပ်နှံမှုကို ထိန်းထားပါကြောင်း၊ လာအိုအစိုးရက မြေယာ ၆၀,၀၀၀ ရိုင်တွင် စိုက်ပျိုးခွင့်ပေးထားပြီး သကြားစက်လည်း လည်ပတ်နေပါကြောင်း၊ ကုမ္ပဏီအနေဖြင့် လာအိုနိုင်ငံရှိ သကြားလုပ်ငန်းမှ ၁ နှစ် လျှင် ဘတ် ၂၀၀ သန်း ဝင်ငွေရရှိပါကြောင်း၊ ကမ္ဘာကြီးပူနွေး လာမှုကြောင့် KSL အနေဖြင့် ကာဗွန် ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုလျှော့ချနိုင်မည့် လုပ်ငန်းများကို ရှာဖွေနေပါကြောင်း Mr. Chalush က ပြောကြားခဲ့သည်။

ကုမ္ပဏီသည် ဇီဝလောင်စာဖြစ်သော Sustainable Aviation Fuel (SAF) ဖွံ့ဖြိုးတိုးတက်မှု အတွက် Bangchak Cooperation နှင့်ပူးတွဲမြှုပ်နှံထားပါကြောင်း၊ SAF ကို ချက်ပြုတ်ဆီ၊ သီးနှံအမှိုက် သို့မဟုတ် အီသနော တို့မှ ထုတ်လုပ်ပြီး သမာရိုးကျဂျက်လေယာဉ်ဆီထက် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၈၀ ရာခိုင်နှုန်း နည်းပါးစေပါကြောင်း မီဒီယာတွင် ဖော်ပြထားချက်အရ သိရှိရပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News